Pages

Thursday, March 21, 2013

မိုးနဲမြို့နယ်တွင် ရဲဒင်းနှင့်ခုတ်ပြီး ဆိုင်ကယ်လုပြေးမှုဖြစ်ပွား

မတ်(၂၁)



ရှမ်းပြည်နယ် မိုးနဲ့မြို့၊ ၀မ်လောကျေးရွာအနီးတွင် မတ်လ (၂၀) ရက်နေ့က အမျိုးသမီးတစ်ဦးအား ရဲဒင်းနှင့် ခုတ်ပြီး ဆိုင်ကယ်လုယူသွားမှုဖြစ်ခဲ့ကြောင်း သိရသည်။

မတ်လ (၂၀) ရက်နေ့ မနက်ပိုင်းတွင် မိုးနဲမြို့၊ လွိုင်မြေရပ်ကွက်မှ မနန်းရင်သည် ၀မ်လောကျေးရွာအနီး ပဲပုတ် ခင်းတွင် တောင်ယာလုပ်ကိုင်နေစဉ် အမည်မသိ အမျိုးသား (၁)ဦး ရောက်ရှိလာခဲ့ပြီး ကျိုင်းတောင်းဘက်သို့ ဘယ်လမ်းကသွားရသလဲဟု မေးမြန်းပြီး ၎င်းတွင်ပါလာသော ရဲဒင်းဖြင့်ခုတ်ကာ မနန်းရင်၏ ဆိုင်ကယ် Dream-110 အနက်ရောင်အား လုယူ စီးနင်းသွားခဲ့ကြောင်း သိရသည်။ 

မနန်းရင်သည် ရဲဒင်းခုတ်မိဒဏ်ရာများနှင့် သတိမေ့နေစဉ်တွင် အနီးပတ်ဝန်းကျင်မှ ရွာသူရွာသား များတွေ့ရှိပြီး နေ့လည်ပိုင်းတွင် မိုးနဲပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးခဲ့ကြောင်း သိရသည်။ ရဲဒင်းခုတ်ခံရမှုကြောင့် မနန်းရင်၏ ဘယ်/ညာဦးခေါင်းတို့တွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း သိရ ပါသည်။

No comments:

Post a Comment