မတ်(၇)

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ တိရစ္ဆာန်ဥယျာဉ် တစ်ခုတွင် အမျိုးသမီးတစ်ဦး ခြင်္သေ့ကိုက်ခံရသဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေး တာဝန်ယူထားသော အသက်(၂၆)နှစ်အရွယ် အမျိုးသမီးသည် ကယ်လီဖိုးနီယားပြည်နယ် အလယ်ပိုင်းရှိ တိရစ္ဆာန် ဥယျာဉ်မှ ခြင်္သေ့လှောင်အိမ်အတွင်း ဝင်ရောက်စဉ် ခြင်္သေ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အာဖရိကခြင်္သေ့ အထီးကြီးတစ်ကောင် ရှိနေသော လှောင်အိမ်ထဲ ဝင်ရောက်စဉ် ယခုလို ကြေကွဲစရာ ကိစ္စမျိုး ပေါ်ပေါက်လာခြင်းဟု Cat Haven တိရစ္ဆာန်ဥယျာဉ် တည်ထောက်သူနှင့် အမှုဆောင် ဒါရိုက်တာ ဒေးလ် အန်ဒါဆန်က ပြောကြားခဲ့သည်။
Planet Myanmar Network
No comments:
Post a Comment