မတ်(၁၃)
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ လာမည့် ဧပြီ ပထမအပတ်အတွင်း ချထားပေးမည့် တန်ဖိုးနည်း မိုဘိုင်းလ်လိုင်းကတ် တစ်သန်းအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။
“လက်ရှိမြန်မာ
နိုင်ငံတွင်လူဦးရေသန်းခြောက်ဆယ်ကျော် ရှိတဲ့ အတွက် တယ်လီဖုန်း
သိပ်သည်းဆနှုန်း ထပ်မံဖြည့်စွက်သည့်အနေနဲ့
ချထားပေးဖြစ်တယ်"ဟုမြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာ တစ်ဦး ကပြောသည်။
စတင်ရောင်းချမည်ဆိုပါက
ကျပ်နှစ်သောင်းထက်လျော့နည်း မည်ဖြစ်ပြီးထောင်ဂဏန်းမျှသာဖြစ်နိုင်ကြောင်း
သမ္မတရုံးဝန်ကြီးဦးစိုးသိန်းက ပြောကြားခဲ့သည်။
ယင်းအပြင်
ဖုန်းများရောင်းချပေး မည့်ရက်ကိုလည်း ဧပြီ ၁ ရက်ဟု ထပ်မံ
အတည်ပြုပြောကြားခဲ့ပြီးဈေးနှုန်း အတိအကျကို အများပြည်သူများ သိရှိစေရန်
တာဝန်ရှိသူများမှ တရားဝင် ထုတ်ပြန် ကြေညာပေးလိမ့်မည် ဖြစ်ကြောင်းသိရှိရသည်။
ဧပြီလတွင်ချပေးမည်ဟု
သတင်းများထွက်ပေါ်နေသော ဖုန်းဆင်းမ်ကတ်ဈေးနှုန်းကိုမြန်မာ့ဆက်သွယ်ရေး
ကိုယ်တိုင်အတိအ ကျ မသိသေးကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
သမ္မတရုံးဝန်ကြီး
ဦးစိုးသိန်းက အလွန်နည်းသော ဈေးနှုန်းနှင့် ရောင်းချ မည်ဟုပြောကြားခဲ
့ပြီး နောက်ပိုင်း ဂဏန်းလေး လုံးပမာဏ နှင့် ဧပြီ (၁)ရက်နေ
့ရောင်းပေးမည်ဟုဆိုသော သတင်းများထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။
ယခင်ချထားပေးသောကျေးလက်ဒေသများတွင်အရစ်ကျနှုန်းဖြင့်ချထားပေးသော
မိုဘိုင်းလ်ဖုန်းများအား ယခုထွက်ပေါ်လာမည်နှုန်းထားအတိုင်း
ပိုငွေကိုပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှပြောကြားထားသည်။
လက်ရှိမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်
WCDMA ၂၅၀၀၀၀နှင့်GSM ၂၀၀၀၀၀စသည်ဖြင့် ချထားပေးပြီးလက်ရှိချထားပေးမည် GSM
ဖုန်းများမှာ ၂၀၀၀၀အောက်သာဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးမှ
သိရှိရသည်။ယခင်ချထားပေးသော WCDMA/GSM မိုဘိုင်းလ်ဖုန်း
အလုံးရေစုစုပေါင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
လေးသန်းနီးပါးခန့်ရှိသည်။
Myit Makha Mediagroup

No comments:
Post a Comment