Pages

Thursday, March 7, 2013

ရှမ်းရိုးရာ ဈေးရောင်း ပွဲတော် ဈေးဝယ်သူ များဖြင့် အထူး စည်ကား

မတ်(၇)


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ နှစ်စဉ် ကျင်းပမြဲ ဖြစ်သော ရှမ်းရိုးရာ ဈေးပွဲတော်ကို မတ် ၃ ရက် နံနက်ပိုင်းမှ ညနေ အထိ ပါလျှံမြို့ရိုး အနီး လမ်းတစ်လျှောက်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ ဈေးပွဲတော် နေ့တွင် ရှမ်းမျိုးနွယ်စု    မိသားစုဝင် များသည် စော်ဘွားများ အုတ်ဂူများတွင်   ယခုနှစ် အတွက် ကျန်းမာရေး၊ စီးပွားရေးများ ကောင်းမွန်စေရန် အတွက် ပန်း၊ ရေ၊ မီး၊ အမွှေးနံ့သာ များဖြင့် ပူဇော်ကန်တော့ ဆုတောင်းမှုများ ပြုလုပ် ကြကြောင်းနှင့် ပါလျှံမြို့ရိုးမှ ပါလျှံလမ်း တစ်လျှောက် ဈေးရောင်း ဈေးဝယ်များနှင့် အထူး စည်ကားလျက် ရှိကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment