မတ်(၁၈)
စပိန်နိုင်ငံမှ သုတေသန ပညာရှင် များသည် လာလီဒါပြည်နယ် ကိုလ်ဒီနာဂို
ဒေသတွင် တစ်ခါမျှ မမြင်ဘူးသော မျိုးစိတ်လေးမျိုး အပါအဝင် ဒိုင်နိုဆောဥ
ကျောက်ဖြစ် ရုပ်ကြွင်း ရာပေါင်း များစွာကို တွေ့ရှိခဲ့ကြောင်းနှင့်
ယင်းဥများသည် လွန်ခဲ့သည့် နှစ်သန်းပေါင်းများ စွာက လည်ပင်းရှည်
ဒိုင်နိုဆောများ ဖြစ်သည့် Sauropods ဒိုင်နိုဆောများ ကျန်ရှိခဲ့သော ဥများ
ဖြစ်နိုင်ဖွယ် ရှိကြောင်း သိရသည်။
ဥအခွံများ၊ ဥများနှင့် အသိုက်များကို
အများအပြား တွေ့ရှိခဲ့ကြောင်း ၎င်းတို့သည် Sauropods ဒိုင်နိုဆော များ၏ ဥများ
ဖြစ်နိုင်ကြောင်း Miquel Crus-afont Catalan ကျောက်ဖြစ်ရုပ်ကြွင်း ဗေဒ
တက္ကသိုလ်မှ လေ့လာမှုကို ဦးဆောင်သူ အဲလ်ဘက်ဂါဆီ အာဆဲလ်စ်က စပိန် သတင်း
အေဂျင်စီ SINC သို့ ယခုရက် သတ္တပတ်က ပြောကြားခဲ့သည်။
မိမိတို့ အဖွဲ့သည် Megaloolithus baghensis Megaloolithus siruguei,
Megaloolithus aureliensis နှင့် Ca-iranoolithus roussetensis အမျိုးအစား
ဒိုင်နိုဆော မျိုးစိတ် လေးမျိုး၏ အထောက် အထားများကို တွေ့ရှိခဲ့ပြီး
Megaloolithus ဥများသည် လည်ပင်း ရှည်ဒိုင် နိုဆောများ ဖြစ်သည့် Sauropods
ဒိုင်နိုဆော များ၏ ဥများဖြစ်နိုင် ကြောင်းနှင့် ယင်းဒိုင်နိုဆော များသည်
ကမ္ဘာပေါ်ရှိ အရွယ်အစား အကြီးဆုံး ဒိုင်နိုဆော မျိုးစိတ်တွင် ပါဝင်သည်။
ကိုလ်ဒီနာဂို ဒေသသည် ဥရောပရှိ ဒိုင်နိုဆောများ အသိုက်ပြုလုပ်ရာ ဒေသများ
အနက် တစ်ခု အပါအဝင် ဖြစ်သည်ဟု ယူဆ ရကြောင်းနှင့် လွန်ခဲ့သောနှစ်ပေါင်း ၆၇
သန်းမှ ၇၁ သန်း ကာလအတွင်း ဒိုင်နိုဆော အများအပြားသည် ယင်းဒေသကို အသိုက်
ပြုလုပ်ရန်နေရာ တစ်ခုအဖြစ် အသုံးပြုခဲ့ကြောင်း လေ့လာမှုများက ပြသလျက်
ရှိသည်ဟု သုတေသီများက ပြောကြား ခဲ့သည်။
မိမိတို့သည် ယခင်က နေရာတစ်
နေရာတည်း၌ အသိုက် အများအပြားကို မတွေ့ရှိခဲ့ဘူး ကြောင်း၊ အမျိုးမျိုးသော
ဥအပိုင်းအစ များကို တွေ့ရှိခဲ့ခြင်းသည် အခြားမျိုးမ တူသော ဒိုင်နို
ဆောများသည် လည်း ယင်းဒေသကို အသိုက်ပြုလုပ်ရာ နေရာအဖြစ် အသုံးပြုခဲ့သည်ဟု
ယူဆရကြောင်း ဆဲလ်လက်စ်က ပြောကြားသည်။
မြ၀တီ
No comments:
Post a Comment