Pages

Sunday, March 24, 2013

တက္ကသိုလ်ဝင် စာမေးပွဲများ အေးချမ်းစွာ ဖြေဆို ပြီးစီး

မတ်(၂၄)

တက္ကသိုလ်ဝင် စာမေးပွဲများ အေးချမ်းစွာ ဖြေဆို ပြီးစီး
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလော မြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲများကို မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ စာစစ်ဌာန ရှိသော မြို့များ နည်းတူ မတ် ၁၃ ရက်မှ စတင် ဖြေဆိုခဲ့ရာ မတ် ၂၂ ရက်တွင် အေးချမ်းစွာ ဖြေဆို ပြီးစီး ခဲ့ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေစဉ် ကာလအတွင်း ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ပညာရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး ဝိုင်းဝန်း ကူညီ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ကလောမြို့နယ် အတွင်း စာစစ်ဌာန ငါးခုရှိပြီး ကလောမြို့ အမှတ်(၁/၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျောင်း သား၊ ကျောင်းသူ ၆၁၇ ဦး၊ အောင်ပန်းမြို့ အမှတ်(၃/၅) အခြေခံ ပညာ အထက်တန်း ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၂၃၈ ဦး၊ ဟဲဟိုးကျေးရွာ အမှတ် (၄) အခြေခံ ပညာ အထက်တန်း ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၄၄၉ ဦး စုစုပေါင်း ကျောင်း သား၊ ကျောင်းသူ ၂၃ဝ၄ ဦး အေးချမ်းစွာ ဖြေဆို ခဲ့ကြောင်း သိရသည်။

 http://bit.ly/WZnKVu

No comments:

Post a Comment