Pages

Wednesday, March 6, 2013

လားရှိုးမြို့ အေးရှားဝေါလ်ဂိတ်တွင် စိတ်ကြွဆေးပြားသိန်း တစ်ထောင်ကျော်ဖိုး ဖမ်းဆီးရမိ


မတ်(၆)

လားရှိုးမြို့ ဟိုပိတ်အေးရှားဝေါလ်တိုးဂိတ်တွင် ဖမ်းဆီးရမိသောဆေးပြားများ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဟိုပိတ်အေးရှားဝေါလ်တိုးဂိတ်တွင် မူးယစ်အထူးအဖွဲ့ဝင်များနှင့် သက်သေများပါဝင်သောအဖွဲ့မှ မတ်လ(၅)ရက်နေ့တွင်WYစာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အ၀တ်ဘီဒိုပါ ဂျပ်ဖာအတွင်းမှ WY စာတမ်းပါ ဆေးပြားများ

မတ်လ(၅)ရက်နေ့ နေ့လည်ပိုင်းတွင် မူဆယ်မြို့မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးဖုန်းမောင် မောင်းနှင်လာ သော ဆလွန်းယာဉ်(အစိမ်းရောင်)အား ဟိုပိတ်အေးရှားဝေါလ် တိုးဂိတ် တွင် တာဝန်ရှိသူများမှ ရှာဖွေရာမှ ယာဉ်နောက်ခန်းယာဘက်တွင် လိုက်ပါလာသူ မစိုးစိုးသန်း (ကျောက်ဆည်မြို့နေသူ)ထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

သိန်း(၁၇၀၀)ကျော်တန်ဖိုး ရှိ ဆေးပြားများ

မစိုးစိုးသန်းသယ်ဆောင်လာသည့် တရုတ်နိုင်ငံလုပ် အ၀တ်ဘီဒိုပါ ဂျပ်ဖာအတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား(၈၈၀၀၀)ပြားခန့် ကာလတန်ဖိုးအားဖြင့် သိန်း(၁၇၀၀)ကျော်တန်ဖိုး ရှိ ဆေးပြားများ သိမ်းဆည်းရမိခဲ့သည်။ တရားမ၀င်စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူ မစိုးစိုးသန်းအား လားရှိုးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment