Pages

Tuesday, March 5, 2013

မြို့နယ်လုံး ဆိုင်ရာ သဒ္ဓမ္မပါလ စာပြန်ပွဲတော် ဖွင့်ပွဲကျင်းပ

မတ်(၅)

မြို့နယ်လုံး ဆိုင်ရာ သဒ္ဓမ္မပါလ စာပြန်ပွဲတော် ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေး ခရိုင် လင်းခေး မြို့နယ်နှင့် ဟိုမိန်းမြို့ နယ်ခွဲ ဒေသ အတွင်းရှိ ပရိယတ္တိ စာသင်ကျောင်း တိုက်များ၌ ပညာသင် နေသော စာသင် သံဃာတော် များအား မြို့နယ် အဆင့်တွင် ကျင်းပသည့်ပရိယတ္တိ သဒ္ဓမ္မပါလ စာမေးပွဲ များကို ဖြေဆို အောင်မြင်ပြီး နိုင်ငံတော်မှ ကြီးမှူး ကျင်းပသည့် အစိုးရ စာမေးပွဲ များတွင်လည်း အဆင့်ဆင့် ဖြေဆို အောင်မြင် စေလိုသော ရည်ရွယ်ချက်ဖြင့်  လင်းခေးမြို့နယ် သံဃ နာယက အဖွဲ့မှ ကြီးမှူး၍ နှစ်စဉ် ကျင်းပသော (၃၁)ကြိမ်မြောက် မြို့နယ်လုံး ဆိုင်ရာ ပရိယတ္တိ သဒ္ဓမ္မပါလ စာပြန်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို မတ် ၂ ရက် နံနက် ၇ နာရီက လင်းခေးမြို့ ပရိယတ္တိ စာသင်တိုက် ကျောင်းကြီး၌ ကျင်းပသည်။
ရှေးဦးစွာ လင်းခေးမြို့နယ် သီရိမင်္ဂလာ ဟိုကွန် ကျာင်းတိုက် ဆရာတော် ဘဒ္ဒန္တ နန္ဒိယ ထံမှ အခမ်းအနား တက်ရောက် လာသူများက သြဝါဒ ခံယူပြီး မြို့နယ် သံဃ နာယက အဖွဲ့ အမှုဆောင် ဦးစိုင်းနော်မှိုင်းက အခမ်းအနားဖွင့် မင်္ဂလာ သြဘာ စကားအား ရွတ်ဖတ်၍ စာပွဲတော် ထီးဖြူများကို တစ်ပြိုင်နက် ဖွင့်လှစ် ပေးလိုက်သည်။ ထို့နောက် စာပြန်ပုဂ္ဂိုလ် သံဃာတော် များက နမောတဿ သုံးကြိမ်  ရွတ်ဆိုပြီးနောက် စာပြန် ပွဲတော်ကို စတင် ကျင်းပသည်။
အဆိုပါ ပွဲတော်သို့ လင်းခေးမြို့နယ် အတွင်းရှိ ပရိယတ္တိ စာသင်ကျောင်း ၅၇ ကျောင်းနှင့် ဟိုမိန်း မြို့နယ်ခွဲ အတွင်းရှိ ကျောင်းများမှ စာဖြေစာပြန် သံဃာ အပါး ၁၈ဝ ကျော်တို့က ဖြေဆို စာပြန် ခဲ့ကြောင်း သိရသည်။
 
မြ၀တီ   

No comments:

Post a Comment