Pages

Tuesday, March 5, 2013

ပြည်ထောင်စုဖလား အမျိုးသားစက်ဘီးပြိုင်ပွဲကျင်းပ

မတ်(၅)


နေပြည်တော်တိုင်းတွင် ကျင်းပပြုလုပ်သော ၂၀၁၃ ခုနှစ် ပြည်ထောင်စုဖလား အမျိုးသားစက်ဘီးစီး ပြိုင်ပွဲအား မတ်လ(၄)ရက်နေ့တွင် နေပြည်တော် ကျောက်စိမ်းတော်ဝင်ဟိုတယ်ရှေ့မှ စတင်တာလွှတ် ခဲ့သည်။

စက်ဘီးစီးသမားများ ပြိုင်ပွဲဝင်စီးနင်းရသည့်လမ်းမှာ နေပြည်တော် - ပင်လောင်းလမ်းကြောင်းအတိုင်း ရှမ်း ပြည်နယ်၊ ပင်လောင်းမြို့နယ် လိန်းလီတံတားအထိဖြစ်ပြီး ခရီးအကွာအဝေးကီလိုမီတာ (၁၀၀) မိုင်အားဖြင့် (၆၄ မိုင် ၂ ဖာလုံ)ရှိကြောင်း သိရှိရသည်။

နေပြည်တော်ကျောက်စိမ်းတော်ဝင်ဟိုတယ်မှ နံနက်(၇)နာရီ(၅၅)မိနစ်တွင် စတင်ထွက်ခွာခဲ့ကြပြီး လိန်းလီ တံတားသို့ (၁၁)နာရီ(၄)မိနစ်တွင် အားကစားသမားများအားလုံး ရောက်ရှီခဲ့ကြောင်း သိရ သည်။ ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ မထမ၊ မကွေးတိုင်းဒေသကြီးမှ ဒုတိယနှင့် ရန်ကုန် တိုင်းဒေသကြီးမှ တတိယတို့ အသီးသီး ရရှိခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်လုံး ကို မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ ချုပ်မှ အတွင်းရေးမှူး ဦးကျော်မင်းခန့်နှင့် အဖွဲ့ဝင်(၂၄)ဦးတို့မှ ကြီးကြပ်ပေးခဲ့ကြောင်း သိရပါသည်။

No comments:

Post a Comment