Pages

Wednesday, March 6, 2013

စင်ကာပူ နိုင်ငံ ရေတပ်မှ စစ်ရေယာဉ် တစ်စီး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လည်ပတ်ရန် ရောက်ရှိ

မတ်(၆)

မြန်မာ့ တပ်မတော် (ရေ) အနေဖြင့် နိုင်ငံတကာ ရေတပ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုနှင့် အပြန်အလှန် ချစ်ကြည် ရင်းနှီးမှု များအား တိုးမြှင့် ဆောင်ရွက် လျက်ရှိရာ
စင်ကာပူ နိုင်ငံ ရေတပ်မှ တင့်ကားတင် ကမ်းထိုး ရေယာဉ် Landing Ship Tank (LST) အမျိုးအစား စစ်ရေ ယာဉ် RSS Endurance သည် မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး လည်ပတ်ရန် အတွက်  ဖေဖော်ဝါရီ ၂၆ ရက်က စင်ကာပူ နိုင်ငံ၊ ချန်ဂီ ရေတပ် စခန်းမှ စတင် ထွက်ခွာခဲ့ပြီး ရန်ကုန်၊ သီလဝါ ဆိပ်ကမ်းသို့ ယမန်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်က ရောက်ရှိ လာရာ တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည် များမှ လှိုက်လှဲစွာ ကြိုဆို ကြသည်။
အဆိုပါ စင်ကာပူနိုင်ငံ ရေတပ်စစ် ရေယာဉ်နှင့် အတူ အရာရှိ ၁၈ ဦး၊ စစ်သည် ၉၉ ဦးနှင့် ရေတပ် ဗိုလ်လောင်း ၉ဝ ဦး လိုက်ပါ လာပြီး ရေတပ် ဗိုလ်လောင်းများ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့မှ မတ် ၈ ရက် နံနက်ပိုင်းတွင် ပြန်လည် ထွက်ခွာ၍ ဗီယက်နမ် နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
မြ၀တီ

No comments:

Post a Comment