Pages

Tuesday, March 12, 2013

ရပ်စောက်မြို့နယ်ရှိ ရဲဘက်စခန်းမှ ရဲဘက်(၈)ဦး ထွက်ပြေးမှုဖြစ်

မတ်(၁၂)



ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းရှိရဲဘက်စခန်းတစ်ခုမှ ရဲဘက်(၈)ဦးသည် မတ်လ (၁၁) ရက်နေ့ မနက်ပိုင်းတွင် မြက်ရှင်းနေရာမှ ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။
ရပ်စောက်မြို့နယ် ဘန်းကန်စိုက်ပျိုးရေးရဲဘက်စခန်းမှ ရဲဘက်များသည် တာဝန်ရှိသူများနှင့်အတူ သရက်ခြံရှင်းလင်းရေးဆောင်ရွက်နေစဉ် ရဲဘက်(၈)ဦးမှာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ တာဝန်ရှိသူများ က လိုက်လံဖမ်းဆီးခဲ့ရာတွင် (၃)ဦးကို ပြန်လည်ဖမ်းဆီးမိခဲ့သော်လည်း (၅) ဦးမှာထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်းသိရသည်။မနက်ပိုင်းမှာသရက်တောထဲက မြက်ပင်တွေကို ရဲဘက်တွေနဲ့ အစောင့်တွေ လာရှင်းကြတာတွေ့ရ တယ်။ (၁)နာရီလောက်ကြာတော့ ဆူညံသံတွေကြားရပြီး ကျွန်တော်တို့ရှိတဲ့ဘက် ကို ပြေးလာတဲ့ရဲဘက် တွေကို တွေ့ရပါတယ်။ သူတို့အနောက်ကလဲ အစောင့်တွေ လိုက်လာတာတွေ့ ရတယ်။ လုံးထွေးပြီးဖမ်းရတဲ့သူတွေလည်းရှိတယ်။ ရဲဘက်(၃)ယောက်ကိုပြန်ဖမ်း လာတာတွေ့ပါတယ်။ လွတ်သွားတဲ့ ရဲဘက် တွေလဲရှိတယ်လို့ ဘန်းကန်ရဲဘက်စိုက်ပျိုးရေးခြံအနီးရှိဒေသခံများက ပြောပြပါသည်။

ထွက်ပြေးလွတ်မြောက်သွားသောရဲဘက်(၅)ဦးအား ရပ်စောက်မြို့နယ်ရဲစခန်းမှ အဖွဲ့များ၊ ဘန်းကန် စိုက်ပျိုးရေးခြံမှ ထောင်ဝန်ထမ်းများမှ လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်းနှင့် စိုက်ပျိုးရေးခြံအနီးရှိကျေးရွာ များအား အသိပေးထားကြောင်းသိရသည်။

No comments:

Post a Comment