မတ်(၆)

ခပ်လှမ်းလှမ်းမှပင် ကြားနေရ သော စွာကျယ်ကျယ် အသံတို့က မနှစ်မြို့စရာမို့ လက်ဖက်ရည်ဆိုင် ထိုင် လူအတော်များများက လှမ်း လှည့်ကြည့်ကြသည်။ နုပျိုသော အသံ များဖြစ်သော်လည်း ကြားနေ ရသည့် အဓိပ္ပာယ်ကတော့ မယဉ် ကျေး။ ယင်းအသံပိုင်ရှင်တို့ကား စွန့်ပစ်အမှိုက်ကောက်သည့် က လေးငယ်အုပ်စုဆီမှ လွင့်ပျံလြာ ခင်း ဖြစ်သည်။ တစ်ယောက် နှင့်တစ် ယောက်တွန်းထိုးနောက် ပြောင်ရင်း အုပ်စုဖွဲ့လှမ်းလာသည့် သူတို့ခြေ လှမ်းတို့က ခပ်ယိုင်ယိုင်။သူတို့နှုတ် မှ ထွက်လာသည့်စကား သံတို့မှာသူတို့ပင် သေသေချာချာ နားလည် သဘောပေါက်ပါရဲ့လားမသိရသည့် ခပ်ရိုင်းရိုင်း အသုံးအနှုန်းတို့ဖြင့် ပြည့်နှက်နေသည်။
သူတို့လက်ထဲမှ ကိုင်ထား သည့်အရာက သတိထားကြည့်စရာ မလိုဘဲနှင့် ကော်ဘူးမှန်း သိသာလှ သည်။ အဖုံးကိုဖွင့်ဖွင့်ပြီး ရှူရှိုက်နေ သည့် သူတို့ဟန်ပန်က တရှိုက် မက် မက်နှင့်မို့ ယင်းကိုပင်သူတို့အတွက် ထွက်ပေါက်တစ်ခုသဖွယ် ဖက်တွယ် မိနေပြီလားအတွေးပွားစရာ။
”အဲဒီဘူးတွေက ဘယ်မှာမဆို ဝယ်လို့ရတယ်။ ထိုင်းက လာတာ ထင်တယ်ဗျ။ ဈေးကလည်း လေး၊ ငါးရာပဲ ရှိတော့ သုံးတာပေါ့။ ဒီ ကောင်က ရှူလိုက်ရင် အစာအိမ် ထဲမှာ အောက်စီဂျင်ပြတ် သလိုဖြစ် ပြီး မူးလာရော၊ ဗိုက်လည်း မဆာ တော့ဘူးလေ။ ဒီကလေးတွေကို ခဏခဏကို တွေ့နေရတယ်” ဟု လမ်းမတော်မြို့နယ်မှ ဂစ်တာသမား ဒီမွန်က ပြောသည်။
Popular Myanmar News Journal
No comments:
Post a Comment