Pages

Thursday, March 21, 2013

ပအိုဝ်းအမျိုးသားများ အမျိုးသားနေ့ ကျင်းပရန်ပြင်ဆင်




တပေါင်းလပြည့်နေ့သည် ပအိုဝ်းတစ်မျိုးသားလုံးအတွက် အထွတ်အမြတ်ထားသည့် ပအိုဝ်းအမျိုး
သားနေ့ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းကျရောက်သည့် တပေါင်းလပြည့်နေ့မှာ ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသည့် အခန်းအနားပွဲတော်များ ပြုလုပ်ကျင်းပကြကြောင်း သိရသည်။



သမိုင်းစဉ်ဆက်ဖြစ်သော ခွန်သူရိယစန္ဒာမွေးဖွားသောနေ့သည် တပေါင်းလပြည့်နေ့ဖြစ်ကြောင်း ရှေးဘိုးဘွားအဆက်ဆက်ကပြောကြားကာ မျိုးချစ်စိတ်ဓါတ်အပြည့်အဝရှိသော ပအိုဝ်းတိုင်းရင်းသား များသည် ၎င်းတပေါင်းလပြည့်ကို ပအိုဝ်းအမျိုးသားနေ့ အဖြစ်သတ်မှတ်ကြောင်း သိရသည်။



ပအိုဝ်းအမျိုးသားနေ့သည် မြန်မာ သက္ကရာဇ် ၁၃၄၀ ပြည့်နှစ်တွင် မျိုးချစ်စိတ်ဓါတ် ထက်သန်သော ပအိုဝ်းသံဃာတော်များနှင့် PNO ဥက္ကဌ အဘ ဦးအောင်ခမ်းထီတို့ ဦးဆောင်ကာ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တောင်ဘက် ကျောက်တလုံးအနီး နောင်ယာသဲုင်တွင် ပထမဆုံးပြန်လည်ကျင်းပပြီး၊ ပအိုဝ်းစာပေ “ထီသိမ်လိတ်မူ” ကိုလည်း အတည်ပြုပေးကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားနေ့သည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သောပအိုဝ်းတိုင်းရင်းသားများ၊ ဒေသအလိုက် ဂုဏ်ပြုကျင်းပလာရာသာမက နိုင်ငံခြားရောက် ပအိုဝ်းတိုင်ရင်းသားများလည်း ရောက်ရာနေရာ၌ ကိုယ့်အသိစိတ်ဖြင့် စည်းလုံးညီညွတ်စွာ ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုကျင်းပပြုလုပ်ကြောင်းလည်း သိရသည်။

ယခု ၂၆/၃/၂၀၁၃ ရက်တွင် ကျရောက်သော တပေါင်းလပြည့်နေ့ကို တောင်ကြီးမြို့ ဒဲဉ်သီးဗွေကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ပအိုဝ်းယဉ်ကျေးမှုဖြစ်သော အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အတီးပြိုင်ပွဲ၊ အလှမယ်ပြိုင်ပွဲများ၊ ဘော်လုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားနေ့ဖြစ်သော တပေါင်းလပြည့်နေ့သည် ပအိုဝ်းတိုင်းရင်းသားများ စည်းလုံးညီညွှတ်စွာ အလှူပဒေသာပင်နှင့် အလှူပစ္စည်းများကို တောင်ကြီးမြို့ မြင်းရုပ်ညောင်ပင်သာရပ်တွင် စုစည်းကာ ရပ်ရွာဒေသ အလိုက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် လမ်းမကြီးတစ်လျှောက် တောင်ကျောင်းကြီး ဘုန်ကြီးကျောင်းသို့ ယဉ်ကျေးမှုအကဖြင့် လှည့်လည်သွားမည်ဖြစ်ကြောင်း သိရသည်။



 
Taunggyi Time

No comments:

Post a Comment