Pages

Friday, March 8, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဇန်န၀ါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း မီးလောင်မှု ၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လေးဦး သေဆုံး

မတ်(၈)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီနှစ်လအတွင်း မီးလောင်ကျွမ်းမှု ၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုများအတွင်း လေးဦး သေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုများကြောင့် အဆောက်အအုံ ၄၂ လုံး၊ ဂိုဒေါင်တစ်လုံး မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ပြီး ၇၂၅ ဦး မီးဘေးဒုက္ခရောက်ကာ လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုများကြောင့် လူသေဆုံးခဲ့သည့် ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ၄ ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ
မြ၀တီ စက်သုံးဆီ ဖြန့်ဖြူးရေးဝင်း အနောက်ဘက် လှိုင်မြစ်ကမ်း၌ ဆိုက်ကပ်ထားသော မြ၀တီစက်သုံးဆီ ဖြန့်ဖြူးရေး လုပ်ငန်းပိုင် ဆီတင်တွဲ အမှတ် (၀၀၃) မှ ကောင်းမြတ်ကျော် တွန်းသင်္ဘော ဆီတင်တွဲမှ အောင်သုခ ဆီတင်သင်္ဘောသို့ ဒီဇယ်ထည့်စဉ် မီးလောင်မှု ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်မှုကြောင့် လူလေးဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်န၀ါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း မီးလောင်မှုများအနက် မီးဖိုမီး အပါအ၀င် ပေါ့ဆမီး ၂၈ ကြိမ်၊ လျှပ်စစ်ကြောင့် လောင်သောမီး ၁၃ ကြိမ်၊ မသမာသူုရှို့မီး လေးကြိမ် ပါဝင်ကြောင်း သိရသည်။

ဇန်န၀ါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း ပြည်နယ်နှင့်တိုင်း ဒေသကြီး
အလိုက် မီးလောင်မှုများမှာ ကချင်ပြည်နယ်တွင် အကြိမ် ၂၀၊ ကယားပြည်နယ်တွင် နှစ်ကြိမ်၊ ကရင်ပြည်နယ်တွင် ၁၀ ကြိမ်၊ ချင်းပြည်နယ်တွင် ငါးကြိမ်နှင့် တနသာင်္ရီ တိုင်းဒေသကြီးတွင် ၁၃ ကြိမ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၃၂ ကြိမ်၊ ပဲခူးတိုင်း ဒေသကြီးတွင် ၃၄ ကြိမ်၊ မကွေးတိုင်း ဒေသကြီးတွင် ၄၇ ကြိမ်၊ နေပြည်တော်တွင် ၁၂ ကြိမ်၊ မန္တလေးတိုင်း ဒေသကြီးတွင် ၅၁ ကြိမ်နှင့် မွန်ပြည်နယ်တွင် ကိုးကြိမ်၊ ရခိုင်ပြည်နယ်တွင် ၂၈ ကြိမ်၊ ရန်ကုန်တိုင်း ဒေကြီးတွင် ၄၅ ကြိမ်၊ ရှမ်းပြည်နယ်တွင် ၂၇ နှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် ၂၃ ကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုများကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ လူဦးရေ ၂၇၂၈ ဦး မီးဘေးဒုက္ဓရောက်ခဲရပြီး ၂၂ ဦး သေဆုံးခဲ့ရသည်။

အိမ်ခြေအဆောက်အအုံ ၁၃၉၅ ခု၊ စက်ရုံအလုပ်ရုံ ငါးရုံနှင့် ဂိုဒေါင် ခြောက်လုံး မီးလောင်ကျွမ်းခဲ့ပြီး စုစုပေါင်း ကျပ်သန်း ၉၃၀ ကျော်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်းကမူ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မီးလောင်မှု ၆၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုများကြောင့် အဆောက်အအုံ ၃၅၈ လုံး မီးလောင်ကျွမ်းခဲ့ပြီး ၁၅၆၇ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ကာ သေဆုံးသူ တစ်ဦးမျှ မရှိခဲ့ချေ။

ဓာတ်ပုံ - ဆီတင်သဘောင်္ မီးလောင်ကျွမ်းမှုကို ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ်

Eleven Media Group
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဇန်န၀ါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း မီးလောင်မှု ၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လေးဦး သေဆုံး
Friday, March 8, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီ
နှစ်လအတွင်း မီးလောင်ကျွမ်းမှု ၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုများအတွင်း လေးဦး သေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုများကြောင့် အဆောက်အအုံ ၄၂ လုံး၊ ဂိုဒေါင်တစ်လုံး မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ပြီး ၇၂၅ ဦး မီးဘေးဒုက္ခရောက်ကာ လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုများကြောင့် လူသေဆုံးခဲ့သည့် ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ၄ ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ
မြ၀တီ စက်သုံးဆီ ဖြန့်ဖြူးရေးဝင်း အနောက်ဘက် လှိုင်မြစ်ကမ်း၌ ဆိုက်ကပ်ထားသော မြ၀တီစက်သုံးဆီ ဖြန့်ဖြူးရေး လုပ်ငန်းပိုင် ဆီတင်တွဲ အမှတ် (၀၀၃) မှ ကောင်းမြတ်ကျော် တွန်းသင်္ဘော ဆီတင်တွဲမှ အောင်သုခ ဆီတင်သင်္ဘောသို့ ဒီဇယ်ထည့်စဉ် မီးလောင်မှု ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်မှုကြောင့် လူလေးဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်န၀ါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း မီးလောင်မှုများအနက် မီးဖိုမီး အပါအ၀င် ပေါ့ဆမီး ၂၈ ကြိမ်၊ လျှပ်စစ်ကြောင့် လောင်သောမီး ၁၃ ကြိမ်၊ မသမာသူုရှို့မီး လေးကြိမ် ပါဝင်ကြောင်း သိရသည်။

ဇန်န၀ါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း ပြည်နယ်နှင့်တိုင်း ဒေသကြီး
အလိုက် မီးလောင်မှုများမှာ ကချင်ပြည်နယ်တွင် အကြိမ် ၂၀၊ ကယားပြည်နယ်တွင် နှစ်ကြိမ်၊ ကရင်ပြည်နယ်တွင် ၁၀ ကြိမ်၊ ချင်းပြည်နယ်တွင် ငါးကြိမ်နှင့် တနသာင်္ရီ တိုင်းဒေသကြီးတွင် ၁၃ ကြိမ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၃၂ ကြိမ်၊ ပဲခူးတိုင်း ဒေသကြီးတွင် ၃၄ ကြိမ်၊ မကွေးတိုင်း ဒေသကြီးတွင် ၄၇ ကြိမ်၊ နေပြည်တော်တွင် ၁၂ ကြိမ်၊ မန္တလေးတိုင်း ဒေသကြီးတွင် ၅၁ ကြိမ်နှင့် မွန်ပြည်နယ်တွင် ကိုးကြိမ်၊ ရခိုင်ပြည်နယ်တွင် ၂၈ ကြိမ်၊ ရန်ကုန်တိုင်း ဒေကြီးတွင် ၄၅ ကြိမ်၊ ရှမ်းပြည်နယ်တွင် ၂၇ နှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် ၂၃ ကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုများကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ လူဦးရေ ၂၇၂၈ ဦး မီးဘေးဒုက္ဓရောက်ခဲရပြီး ၂၂ ဦး သေဆုံးခဲ့ရသည်။

အိမ်ခြေအဆောက်အအုံ ၁၃၉၅ ခု၊ စက်ရုံအလုပ်ရုံ ငါးရုံနှင့် ဂိုဒေါင် ခြောက်လုံး မီးလောင်ကျွမ်းခဲ့ပြီး စုစုပေါင်း ကျပ်သန်း ၉၃၀ ကျော်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်းကမူ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မီးလောင်မှု ၆၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုများကြောင့် အဆောက်အအုံ ၃၅၈ လုံး မီးလောင်ကျွမ်းခဲ့ပြီး ၁၅၆၇ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ကာ သေဆုံးသူ တစ်ဦးမျှ မရှိခဲ့ချေ။

ဓာတ်ပုံ - ဆီတင်သဘောင်္ မီးလောင်ကျွမ်းမှုကို ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment