Pages

Thursday, March 14, 2013

တောင်ကြီးမြို့တွင် လူကုန်ကူးခံရသည့်အမျိုးသမီးငယ်များ မိဘများထံ ပြန်လည်အပ်နှံပွဲပြုလုပ်

မတ်(၁၄)
ပြီးခဲ့သည့် စက်တင်ဘာ(၂၈)ရက်နေ့တွင် ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသော မြန်မာအမျိုးသမီး (၅)ဦးကို မြန်မာဘက်ရှိ တာဝန်ရှိ ပုဂ္ဂိုလ်များထံ လွှဲအပ်ပေးနေပုံ(ဓာတ်ပုံ-တာချီလိတ်)



ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ မိခင်နှင့်ခလေးစောင့်ရှောက်ရေးအသင်းခန်းမတွင် မတ်လ (၁၃) ရက်နေ့က  ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ လူကုန်ကူးခံရပြီး ပြန်လည်ရောက်ရှိလာသော အမျိုးသမီးငယ်များ အား မိဘများထံ ပြန်လည်အပ်နှံပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မိခင်နှင့်ခလေးစောင့်ရှောက်ရေး အသင်းခန်းမတွင် ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ရောက်ရှိလာသော အမျိုးသမီးငယ်(၈)ဦး အား မိဘဆွေမျိုးများထံသို့ ပြန်လည်ပေးအပ်ပွဲကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်၊ လူမှုဖူလုံရေးဦးစီးဌာန မှ ဦးစီးမှူး ဦးခင်မောင်ရီ၊ မိခင်နှင့်ခလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေနှင့် အဖွဲ့ ၀င်များ၊ လူကုန်ကူး ခံရသူမိန်းခလေးများ၏ မိဘဆွေမျိုးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း(၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ လူကုန်ကူးခံရသည့် အမျိုးသမီးငယ်(၈)ဦးမှာ အသက်(၁၅)နှစ်မှ (၁၉)နှစ် အတွင်း ဖြစ်ကြပြီး ထိုင်းနိုင်ငံအတွင်းတွင် ရဲများကတွေ့ရှိပြီး မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေး ခဲ့ခြင်းဖြစ်သည်။ ပြန်လည်ရောက်ရှိလာသည့် အမျိုးသမီးငယ်များမှာ မိုင်းရှူးမြို့နယ်၊ ဟိုပုံကျေးရွာ မှ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment