Pages

Thursday, March 21, 2013

သင်္ကြန်တွင်း ယာဉ်စီးခများပိုမိုတောင်းခံပါကတိုင်ကြားမှသာအရေးယူမည်



မတ်(၂၁)
Photo: သင်္ကြန်တွင်း ယာဉ်စီးခများပိုမိုတောင်းခံပါကတိုင်ကြားမှသာ
အရေးယူမည်

ရန်ကုန်၊ မတ် ၂၀။

သင်္ကြန်ရက်အတွင်း ယာဉ်စီးခနှုန်းထားများ ပိုမိုကောက်ခံ
သည်ဟု တိုင်ကြားလာပါကအရေးယူသွားမည်ဖြစ်ပြီး 
တိုင်ကြားခြင်း မရှိပါက ပိုကောက်သော်လည်း
အရေးယူ၍ မရကြောင်း မထသ(ဗဟို)မှ တာဝန်ရှိသူ
တစ်ဦးထံမှ သိရသည်။

“ကျွန်တော်တို့ကတော့ ယာဉ်စီးခတွေကို ပိုမတောင်း
ခိုင်းပါဘူး။ယာဉ်လိုင်းအားလုံး ပုံမှန်အတိုင်းပဲ ယာဉ်စီးခ 
တောင်းရမယ်ဆိုတဲ့ စာကိုလည်းသင်္ကြန်ရက် မတိုင်ခင် ထုတ်ပြန်ပေးသွားမှာပါ” ဟု မထသ(ဗဟို)မှ အတွင်းရေးမှူး
ဦးဘမြင့်က ပြောကြားသည်။

သင်္ကြန်ရက်များတွင် ယာဉ်စီးခများ ပိုမိုမတောင်းခံရန် တားမြစ်ထားသော်လည်းဘာသာရေးပွဲတော် ကျင်းပချိန်
ဖြစ်သည့်အတွက် တင်းတင်းကျပ်ကျပ်တားမြစ်ရန်မှာ 
မဖြစ်နိုင်ကြောင်း၊ သင်္ကြန်ရက်များတွင် မော်တော်ယာဉ်များ
မထွက်ပါက လိုင်းကားစီးကာ လည်ပတ်လိုသည့် ခရီးသည်
များအတွက် အခက်အခဲဖြစ်နိုင်ကြောင်း၊ ယင်းကာလ
အတွင်း ထွက်သည့် ကားများ၏ပျက်ဆီးဆုံးရှုံးမှုများအတွက် 
ကားခပိုမိုတောင်းခံခြင်း ဖြစ်နိုင်ကြောင်းမထသ(ဗဟို)မှ ဒုဥက္ကဌ ဦးလှသောင်းမြင့်က သုံးသပ်ပြောကြားသည်။

“ကျွန်တော်ကတော့ သင်္ကြန်ရောက်တိုင်း လမ်းလျှောက်လိုက် ကားတက်စီးလိုက်လုပ်နေကြပဲ။ ကားခက ပုံမှန်ထက် နှစ်ဆ
တော့ ပေးရတယ်။ ရန်ကုန်မှာ ဒါကထုံးစံလိုဖြစ်နေပြီ။ သိပ်မထူးဆန်းတော့ပါဘူး” ဟု အသက် ၂၆ နှစ်အရွယ်ရှိ
ကိုရန်နိုင်က ပြောကြားသည်။

ယင်းကဲ့သို့ ယာဉ်စီးခ ပိုမိုကောက်ခံခြင်းကို တိုင်ကြားလာမည်
ဆိုပါက ဒဏ်ငွေ၃၀၀၀၀ ကျပ်တိတိ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ယခင်နှစ်များကအရေးယူတိုင်ကြားမှုများ ရှိခဲ့သော်လည်း အနည်း ငယ်မျှသာ ဖြစ်ကြောင်းသိရသည်။

ရည်မွန်
သင်္ကြန်ရက်အတွင်းယာဉ်စီးခနှုန်းထားများပိုမိုကောက်ခံသည်ဟုတိုင်ကြားလာပါကအရေးယူသွားမည်ဖြစ်ပြီး
တိုင်ကြားခြင်း မရှိပါက ပိုကောက်သော်လည်းအရေးယူ၍ မရကြောင်း မထသ(ဗဟို)မှ တာဝန်ရှိသူတစ်ဦး
ထံမှ သိရသည်။

“ကျွန်တော်တို့ကတော့ ယာဉ်စီးခတွေကို ပိုမတောင်းခိုင်းပါဘူး။ယာဉ်လိုင်းအားလုံး ပုံမှန်အတိုင်းပဲယာဉ်စီးခ
 တောင်းရမယ်ဆိုတဲ့ စာကိုလည်းသင်္ကြန်ရက် မတိုင်ခင် ထုတ်ပြန်ပေးသွားမှာပါ” ဟု မထသ(ဗဟို)မှ
 အတွင်းရေးမှူးဦးဘမြင့်က ပြောကြားသည်။

သင်္ကြန်ရက်များတွင် ယာဉ်စီးခများ ပိုမိုမတောင်းခံရန် တားမြစ်ထားသော်လည်းဘာသာရေးပွဲတော် ကျင်းပချိန်ဖြစ်သည့်အတွက် တင်းတင်းကျပ်ကျပ်တားမြစ်ရန်မှာ မဖြစ်နိုင်ကြောင်း၊ သင်္ကြန်ရက်များတွင်
 မော်တော်ယာဉ်များမထွက်ပါက လိုင်းကားစီးကာလည်ပတ်လိုသည့် ခရီးသည်များအတွက်အခက်
အခဲဖြစ်နိုင်ကြောင်း၊ယင်းကာလအတွင်းထွက်သည့်ကားများ၏ပျက်ဆီးဆုံးရှုံးမှုများအတွက်ကားခပိုမိုတောင်း
ခံခြင်း ဖြစ်နိုင်ကြောင်းမထသ(ဗဟို)မှဒုဥက္ကဌဦးလှသောင်းမြင့်ကသုံးသပ်ပြောကြားသည်။

“ကျွန်တော်ကတော့ သင်္ကြန်ရောက်တိုင်း လမ်းလျှောက်လိုက် ကားတက်စီးလိုက်လုပ်နေကြပဲ။ ကားခက ပုံမှန်ထက် နှစ်ဆတော့ ပေးရတယ်။ ရန်ကုန်မှာ ဒါကထုံးစံလိုဖြစ်နေပြီ။ သိပ်မထူးဆန်းတော့ပါဘူး” ဟု အသက် ၂၆ နှစ်အရွယ်ရှိကိုရန်နိုင်က ပြောကြားသည်။

ယင်းကဲ့သို့ယာဉ်စီးခပိုမိုကောက်ခံခြင်းကိုတိုင်ကြားလာမည်ဆိုပါကဒဏ်ငွေ၃၀၀၀၀ကျပ်တိတိ ပေးဆောင်ရ
မည်ဖြစ်ကြောင်း၊ယခင်နှစ်များကအရေးယူတိုင်ကြားမှုများရှိခဲ့သော်လည်းအနည်းငယ်မျှသာ ဖြစ်ကြောင်းသိ
ရသည်။
The Myanma Age


No comments:

Post a Comment