Pages

Tuesday, March 26, 2013

တောင်ကြီးမှာ တခမ်းတနား ကျင်းပနေတဲ့ ပအိုဝ်းအမျိုးသားနေ့

မတ်(၂၆)


 
ပအိုဝ်းတိုင်းရင်းသား အများအပြား နေထိုင်ကြသော တောင်ကြီးမြို့တွင် ယနေ့ကျရောက်သည့်    ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြသည်။

ယနေ့သည် တပေါင်းလပြည့်နေ့ဖြစ်သလို မိမိတို့ ပအိုဝ်းလူမျိုးတို့၏ အမျိုးသားနေ့လည်းဖြစ်ကြောင်း၊ မင်္ဂလာအပေါင်းပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်ကြောင်း ပအိုဝ်း အမျိုးသား ဦးခွန်မောင်ဦးက ပြောဆိုသည်။

နံနက်ပိုင်းတွင် ပအိုဝ်းအမျိုးသားနေ့ပွဲတော် အထိမ်းအမှတ် အနေဖြင့် ငွေပဒေသာပင်များ၊ ပဒေသာပင်များ ကိုင်ဆောင်ထားကြသည့် ဒေသခံတို့က အိုးစည် ဗုံမောင်းများ၊ ရိုးရာ သံချပ်များဖြင့် စီတန်းလည့်လည်ကြသည်။
ပဒေသာပင်တို့ကို တောင်ကျောင်းကြီး စာသင်တိုက်သို့လှူဒါန်းကြမည်ဖြစ်ကြောင်း လမ်းတွင်  ဓမ္မစကြာ ရွတ်ဖတ်ပူဇော်သည့်အဖွဲ့မှ ဒေါ်နန်းခင်က ရှင်းပြသည်။

လမ်းတလျှောက် ဓမ္မစကြာ ရွတ်ဖတ်ပူဇော်သွားမည့် သူတို့၏အဖွဲ့တွင် အဖွဲ့ဝင် ၁၅၀ ကျော် ပါသည်ဟု ပြောသည်။

ပအိုဝ်းအမျိုးသားနေ့ပွဲတော်အား ရှေးယခင် နှစ်ပေါင်း လေး ငါးဆယ်ခန့်ကတည်းကကျင်းပခဲ့ကြောင်း၊  စစ်အစိုးရလက်ထက်က
ပအိုဝ်းအမျိုးသားနေ့ဟု အမည်တပ်ခွင့်မရခဲ့ကြောင်း၊
ပအိုဝ်းအမျိုးသားပွဲတော်ဟုသာ သုံးစွဲခဲ့ရကြောင်း ဦီးခွန်မောင်ကိုး က ရှင်းလင်းပြောဆိုသည်။

   ယနေ့ကျင်းပလျက်ရှိသော ပအိုဝ်းအမျိုးသားနေ့ပွဲတော်တွင် ပအိုဝ်းတိုင်းရင်းသူ၊ တိုင်းရင်းသား ၂,ဝဝဝ ကျော် ပါဝင်ဆင်နွဲကြကြောင်း သိရှိရသည်။
 ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို ကြည့်ပြီး   တောင်ကြီးရောက် နယ်သာလန်နိုင်ငံမှ ခရီးသွားဧည့်သည်တဦးက အံ့သြ ၀မ်းသာမိကြောင်း ပြောသည်။

 ယခုလိုမြင်ကွင်းမျိုး မိမိတို့ နိုင်ငံတွင် မရှိကြောင်း၊ မိမိတို့ တိုင်းပြည်က လူများသည် သီးသန့်နေကြကြောင်း၊ ယခုလိုလူအများစုစည်းပြီး စည်းလုံးစွာသွားလာနေကြသည့်မြင်ကွင်းကြောင့် စိတ်လှုပ်ရှားရပါကြောင်း ပြောဆိုသည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~
 





























 
ဧရာဝတီ

No comments:

Post a Comment