Pages

Monday, March 25, 2013

ကုန်ကျငွေသိန်း၅ဝဝဝ လောက် ခန့်မှန်းထားတဲ့ ဖိုးချစ်ရဲ့ သဘင်ခြံ

မတ်(၂၅)

 

ဖိုးချစ်ကသဘင်သမားတွေ နား နေဖို့နဲ့ နေထိုင်ဖို့အတွက် မင်္ဂလာဒုံ မြို့နယ်အတွင်း ၃ဧက ကျယ်ဝန်းတဲ့ မြေနေရာမှာသဘင်ခြံကြီးကိုဆောက်လုပ်နေပါတယ်။ သဘင်ခြံကို ဆောက်လုပ်နေတာ တစ်နှစ်ပတ်ဝန်း ကျင်လောက်ကြာမြင့်ခဲ့ ပြီဖြစ်ပြီး၊ နယ်မှာ ဇာတ်ကနေတဲ့ အချိန်တွေမှာ တော့ သဘင်ခြံဆောက်လုပ်နေမှုကို ခေတ္တရပ်နားထားကာ ရန်ကုန်ပြန် ရောက်တာနဲ့ခြံနဲ့ ပတ်သက်တာတွေ အမြန်ပြီးစီးအောင်ဖိုးချစ်က အကောင် အထည်ဖော်လျက်ရှိပါတယ်။

အခု လက်ရှိအချိန်မှာတော့ ဆောက်လက် စပဲရှိနေသေးတဲ့အတွက်ကုန်ကျမယ့် ငွေကြေးပမာဏ အတိအကျကိုမပြော နိုင်သေးပေမယ့်လည်း ခန့်မှန်းကုန် ကျငွေသိန်း ၅ဝဝဝလောက်ရှိသွားနိုင် ကြောင်း ဖိုးချစ်က ပြောပါတယ်။ ဆောက်လုပ်ရေးအပိုင်းနဲ့ ပတ်သက် ပြီးအကူအညီပေးတာကတော့ Great Father Land Constructionဖြစ်ကြောင်း ၊မြေနေရာနဲ့ ပတ်သက် ပြီးလည်း မိဘလိုဖြစ်နေကြတဲ့သူ
တွေကပဲ ရှာပေးကြောင်း၊ ဆောက် နေစဉ်ကာလအတွင်းမှာလည်း ကူ ညီပေးကြတဲ့အတွက် သိပ်ပြီး ကြီး ကြီးမားမား အခက်အခဲ မရှိကြောင်း၊ အမြန်ဆုံး ပြီးနိုင်အောင် ကြိုးစား နေကြောင်း ဖိုးချစ် က ပြောပါတယ်။

သဘင်ခြံဆောက်လုပ်ရခြင်းနဲ့ ပတ် သက်ပြီး ဖိုးချစ်က.. "စိတ်ကူးကတော့ အရင်က တည်းက ရှိခဲ့ပါတယ်။ ကျွန်တော်တို့ တွေက ပွဲနားရင် ဇရပ်မှာနေရ၊ ဘုန်း ကြီးကျောင်းမှာ တောင်းပန်ပြီးနေရ၊ ခန်းမတွေ ငှားတော့လည်း အဆင် မပြေဘူး။ အဲဒါတွေကြောင့်လည်းသဘင်ခြံဆောက် လုပ်ဖို့ အတွက် တွေး မိရင်းနဲ့ လုပ်ဖြစ်သွားတာပါ။

ကုန်ကျ ငွေပမာဏကတော့ အခုချိန်မှာ လုပ် တုန်းကိုင်တုန်းဆိုတော့ပြောရခက်တယ်။ ခြံဆောက်တယ်ဆိုတော့ကာ ပိုက်ဆံက မသိမသာလေးနဲ့ ထည့်ရင်ထည့်သလောက် ဝင်တာပဲ။

အားလုံးအပြီးအစီးလောက်ဆိုရင် ကုန်ကျစရိတ်က သိန်း ၅ထောင်၊ ၆ထောင်လောက်တော့ ကုန်မယ် ထင်တယ်။မြေဝယ်တာ၊နှစ်ထပ်တိုက် ဆောက်မှာ၊ စတူဒီယိုတွေ၊ နှစ်ထပ်ဆောင်၊ ဇာတ်ရုံတွေရော
ဆောက်မှာ ဆိုတော့လေ။

ခြံစည်းရိုး ခတ်တာတင် သိန်းရာချီပြီးကုန်တာလေ။ ဒါပေမဲ့မပြီး သေးတော့မပြောတတ်ဘူး"လို့ပြော ပါတယ်။ ဖိုးချစ်က သူ့အနေနဲ့ သဘင်ခြံလုပ်ဖြစ်ခြင်းက စီးပွားရေးတစ်ခုအနေနဲ့ လုပ်ဖြစ်ခြင်းမဟုတ်ဘဲ သူတအားလုပ်ချင်နေတဲ့ အလုပ်တစ်ခုကို လုပ်လိုက်ခြင်းပဲ ဖြစ်ကြောင်း၊ နောက်ပိုင်းမှာ အနုပညာ အလုပ်နဲ့ ပတ်သက်ပြီး ဒီသဘင်ခြံကြီးထဲမှာ ဇာတ်က၊အသံသွင်းနဲ့ ဇာတ်ရုံဆောက်ပြီး ပရိသတ် ကို ဖျော်ဖြေလို့ လည်းရပြီဖြစ်ကြောင်း ပြောပါတယ်။

" ဖိုးချစ်ဆောက်တာဆိုတာမျိုး မဟုတ်ဘဲနဲ့ သဘင်သမား အားလုံးအတွက် အရိပ်တစ်ခု၊ နားခိုရာ တစ်ခုရှိစေချင်တာပါ။ ကျွန်တော်တို့ သဘင်တွေ ဆိုပါစို့ သဘင်အနေနဲ့ ပိုင်တဲ့ဇာတ်ရုံဘယ်မှာရှိလဲ။ သဘင် ကပိုင်တဲ့ အဆောက်အအုံ ဘယ်နှခုရှိလဲ။

သဘင်သမားတွေကိုအထောက် အကူပြုဖို့ ဘယ်နေရာတွေမှာ ဘာတွေလုပ်ထားပေးလဲ။ ကျွန်တော်မြင်သလောက်ဘာမှမရှိဘူး။

ခပ်ကွင်း ကောင်းကောင်းမရှိဘဲနဲ့ ခြင်းဝိုင်း ကောင်းကောင်းတွေ့ရမှာမဟုတ်ဘူး။ ခပ်ကွင်းကောင်းကောင်းတော့လို သေးတာပေါ့။ ဒါကြောင့် ဒီသဘင်ခြံသည် လောလောလောဆယ်မှာ ဖိုးချစ်ဇာတ်အဖွဲ့အားလုံးသက်သောင့် သက်သာနဲ့နေခွင့်၊ စားခွင့်ရမယ်။ သွားလာတဲ့ အခါမှာ သက်သောင့် သက်သာသွားလာလို့ရအောင် စီစဉ်ထားတယ်။ အဲဒါပြီးလို့ အဆင်ပြေပြီ ဆိုရင် နောက်တစ်ဆင့် ထပ်စဉ်းစားတယ်။

ကိုယ့်အဖွဲ့အိုကေပြီဆိုရင် နောက်ဇာတ်အဖွဲ့တွေကို လက်ခံလို့ရတဲ့ အနေအထားဖြစ်လာအောင် ကြိုးစားမယ်။ အခကြေးငွေ ကျွန်တော်မယူပါဘူး။ ခြံကသတ်မှတ်မယ့် စည်းကမ်းပုံစံနဲ့ နေမယ်ဆိုရင် ရပါပြီ" လို့ သဘင်နဲ့ပတ်သက်ပြီး ဖြစ် စေချင်တဲ့ဆန္ဒ၊ သဘင်ခြံနဲ့ပတ်သက် ပြီး ဖြစ်ချင်တာတွေကို ဖိုးချစ်က ပြောပြခဲ့ပါတယ်။

သဘင်ခြံရဲ့ နာမည်ကိုတော့ အနုပညာစံအိမ် (သဘင်ခြံ)လို့ ပေးထားကြောင်းအနုပညာသမားတွေ နဲ့လည်း ဆက်စပ်ပြီး အနုပညာကို အားပေးတဲ့ငွေကြေးနဲ့ တည်ဆောက် ထားတာလည်းဖြစ် ကြောင်း၊ ချစ်စရာလည်း ကောင်း အောင် အနုပညာစံ အိမ်လို့ နာမည် ပေးတာဖြစ်ကြောင်း၊ သဘင်ခြံဖွင့်ပွဲ နေ့ မှာတော့ ၂ရက် တိုင်တိုင် အခမဲ့သဘင်ဖျော်ဖြေပွဲကြီးကို ခြံထဲမှာ ပြုလုပ်သွားမှာဖြစ် ကြောင်း ဖိုးချစ်က ပြောပါတယ်။


Popular Journal

No comments:

Post a Comment