Pages

Thursday, March 14, 2013

တောင်ကြီးမြို့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား



မတ်(၁၄)
 
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်တွင် မတ်လ(၁၃)ရက်နေ့က နှစ်ထပ်အိမ် တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ကြံတိုင်းအောင်လမ်း၊ အမှတ်(၃၆/၁၂)ရှိ ဦးဝင်းလှိုင် ပိုင်ဆိုင်သော နှစ်ထပ်တိုက်နေအိမ်အား ရွှေစေတီတိုင်းရင်းဆေးကုမ္ပဏီမှ တာဝန်ခံ ဒေါ်ပန်းမွှေး ဌားရမ်းနေ ထိုင်ရာမှ မတ်လ (၁၃)ရက်နေ့ ညနေပိုင်းအချိန်တွင် နေအိမ်အောက်ထပ်ရှိ မီးပလပ်ခုံမှ ၀ါယာရှော့ဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့ ကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်းသည့်နေရာသို့ မီးသတ်ယာဉ်(၄)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး နှင့် ပြည်သူ (၁၀၀) ဦးခန့်မှ မီးငြိမ်းသတ်ခဲ့ပြီး မီးလောင် ကျွမ်းမှုကြောင့် မီးပလပ်ခုံအနီး တီဗွီတင်စင်နှင့် ပြူတင်းပေါက်တို့ မီးလောင်ကျွမ်းခဲ့သည်။ မီးလောင် မှုကြောင့် ဆုံးရှုံးသည့်တန်ဖိုးမှာ ကျပ်(၂၀၀၀၀၀)ခန့်ဖြစ်ကြောင်း တောင်ကြီးမြို့ မီးသတ်တပ်ဖွဲ့ ထံမှသိရ သည်။

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူ ဒေါ်ပန်းမွှေးအား တောင်ကြီးမြို့၊ အမှတ်(၂)ရဲစခန်း မှ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ(၂၈၅)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment