Pages

Friday, March 8, 2013

မြန်မာ့ရွှေရောင် ပုလဲများ ဟောင်ကောင်တွင် ရောင်းကောင်းခဲ့

မတ်(၈)

တစ်နှစ်လေးကြိမ် ပြုလုပ်လေ့ရှိသည့် ဟောင်ကောင်နိုင်ငံတကာကျောက်မျက်ရတနာပြပွဲ မတိုင်ခင် မကြာမီကပြုလုပ်ခဲ့သော မြန်မာ့ ရတနာ ပြပွဲတစ်ခု၌ မြန်မာ့ရွှေရောင်ပုလဲများမှာ ပြည်တွင်းတွင်ရောင်းချ သည့်လေလံဈေးထက် ၃၀ ရာခိုင်နှုန်းခန့် ပိုရကာ ရောင်းကောင်းခဲ့ကြောင်း သိရသည်။

ပြပွဲတွင် ပါဝင်ပြသခဲ့သည့် GYSO Pearls and Jewellery ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ချွိုင်ချီဝေ က  “ခင်ဗျားပြခန်းမှာရွှေရောင်ပုလဲတစ်လုံးမှမတင်ဘူးဆိုရင်တော့ဘယ်သူမှလာရပ်ကြည့်ကြမှာမဟုတ် ပါဘူး  ” ဟု ပြောကြားသည်။

၎င်း၏ အရောင်းပြခန်းသည် ပြပွဲတွင် တရုတ်ပြည်ပကြီးမှရွှေရောင်ပုလဲများ လာရောက်ဝယ်ယူလို သူများ၏ စိတ်ဝင်တစားဖြင့် လာရောက် ကြည့်ရှုမှုများကို ကြုံတွေ့ ခဲ့ရသည်။

လေလံပြပွဲတွင် ခင်းကျင်းပြသခဲ့ပြီး “မြန်မာ့အာရုဏ်သစ်” "New Dawn of Myanmar" ဟု အမည်ပေးထားသည့် ၁၉ မီလီမီတာ ပမာဏခန့် ပုလဲမှာ ကြမ်းခင်းဈေးဒေါ်လာ ၄၃၀၀ မှ စတင်ပြီး ဝယ်သူတစ်ဦးက အမည်မဖေါ်ပြသည့်ဈေးတစ်ရပ်ဖြင့် ဝယ်ယူသွားခဲ့သည်။ ခန့်မှန်းမှုများအရမူ
ထိုပုလဲမှာ ဒေါ်လာ သုံးသောင်းမှ လေးသောင်းကြား ဈေးရသွားနိုင်ကြောင်း သတင်းက ဆိုထားသည်။

ဟောင်ကောင်တွင် ပြုလုပ်ခဲ့သော ယခုပြပွဲနှင့်ပတ်သတ်၍ ဆစ်ဒနီရှိ Macquarie University မှ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူပညာရှင် ရှောင် တန်နယ်က ပြပွဲသည် အပြုသဘောဆောင်သော လက္ခဏာဖြစ်ကြောင်း ဆိုသည်။

၎င်းက“အတိတ်တုန်းကတော့ဒီလိုလေလံပွဲတွေဟာလျှို့ဝှက်ကျင်းပခဲ့ကြတာပါ။ မြန်မာပြည်အပြင်ဘက် မှာ အခုလို ကျင်းပခဲ့တာကတော့ အစိုးရဟာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေ အရပို လုပ် ဆောင်လာတဲ့ သဘောပဲ ဖြစ်ပါတယ်” ဟု မှတ်ချက်ပေးပြောကြားသည်။

ဟောင်ကောင်သည် ကျောက်မျက်ရတနာဝယ်ယူလိုသူများအတွက် လျင်မြန်စွာဖွံ့ ဖြိုးလာနေသော ဈေး ကွက်တစ်ခုဖြစ်ပြီး၊ ယခုပြပွဲ ပြုလုပ် ရောင်းချခဲ့သော ပုလဲနှင့် အခြားကျောက် မျက်ရတနာများအတွက် အခွန်ကောက်ခံမှု မထားသောနေရာတစ်ခုလည်း ဖြစ်သည်။

Ref: South China Morning Post
မြန်မာ့ရွှေရောင် ပုလဲများ ဟောင်ကောင်တွင်
ရောင်းကောင်းခဲ့

ဟောင်ကောင်၊ မတ် ၈ ။

တစ်နှစ်လေးကြိမ် ပြုလုပ်လေ့ရှိသည့် ဟောင်ကောင်
နိုင်ငံတကာကျောက်မျက်ရတနာပြပွဲ မတိုင်ခင် မကြာမီက
ပြုလုပ်ခဲ့သော မြန်မာ့ ရတနာ ပြပွဲတစ်ခု၌ မြန်မာ့ရွှေရောင်
ပုလဲများ မှာ ပြည်တွင်းတွင်ရောင်းချသည့်လေလံဈေးထက် 
၃၀ ရာခိုင်နှုန်းခန့် ပိုရကာ ရောင်းကောင်းခဲ့ကြောင်း သိရသည်။

ပြပွဲတွင် ပါဝင်ပြသခဲ့သည့် GYSO Pearls and Jewellery 
ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ချွိုင်ချီဝေက “ခင်ဗျားပြခန်းမှာ
ရွှေရောင် ပုလဲ တစ်လုံးမှ မတင်ဘူးဆိုရင်တော့ ဘယ်သူမှ လာရပ်ကြည့်ကြမှာမဟုတ်ပါဘူး ” ဟု ပြောကြားသည်။ 

၎င်း၏ အရောင်းပြခန်းသည် ပြပွဲတွင် တရုတ်ပြည်ပကြီးမှ
ရွှေရောင်ပုလဲများ လာရောက်ဝယ်ယူလိုသူများ၏ စိတ်ဝင်
တစားဖြင့် လာရောက် ကြည့်ရှုမှုများကို ကြုံတွေ့ ခဲ့ရသည်။

လေလံပြပွဲတွင် ခင်းကျင်းပြသခဲ့ပြီး “မြန်မာ့အာရုဏ်သစ်” 
"New Dawn of Myanmar" ဟု အမည်ပေးထားသည့် 
၁၉ မီလီမီတာ ပမာဏခန့် ပုလဲမှာ ကြမ်းခင်းဈေးဒေါ်လာ 
၄၃၀၀ မှ စတင်ပြီး ဝယ်သူတစ်ဦးက အမည်မဖေါ်ပြသည့်
ဈေးတစ်ရပ်ဖြင့် ဝယ်ယူသွားခဲ့သည်။ ခန့်မှန်းမှုများအရမူ 
ထိုပုလဲမှာ ဒေါ်လာ သုံးသောင်းမှ လေးသောင်းကြား ဈေးရ
သွားနိုင်ကြောင်း သတင်းက ဆိုထားသည်။

ဟောင်ကောင်တွင် ပြုလုပ်ခဲ့သော ယခုပြပွဲနှင့်ပတ်သတ်၍ 
ဆစ်ဒနီရှိ Macquarie Universityမှ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူပညာရှင် ရှောင် တန်နယ်က ပြပွဲသည် အပြုသဘောဆောင်သော လက္ခဏာဖြစ်ကြောင်း ဆိုသည်။ 

၎င်းက “အတိတ်တုန်းကတော့ ဒီလိုလေလံပွဲတွေဟာ လျှို့ ဝှက်ကျင်းပခဲ့ကြတာပါ။ မြန်မာပြည်အပြင်ဘက်မှာ အခုလို ကျင်းပခဲ့တာကတော့ အစိုးရဟာ နိုင်ငံတကာ လုပ်ထုံးလုပ်
နည်းတွေအရ ပိုလုပ် ဆောင်လာတဲ့သဘောပဲ ဖြစ်ပါတယ်” 
ဟု မှတ်ချက်ပေးပြောကြားသည်။

ဟောင်ကောင်သည် ကျောက်မျက်ရတနာဝယ်ယူလိုသူများ
အတွက် လျင်မြန်စွာဖွံ့ ဖြိုးလာနေသော ဈေးကွက်တစ်ခုဖြစ်ပြီး၊ ယခုပြပွဲ ပြုလုပ် ရောင်းချခဲ့သော ပုလဲနှင့် အခြားကျောက် မျက်ရတနာများအတွက် အခွန်ကောက်ခံမှု မထားသော
နေရာတစ်ခုလည်း ဖြစ်သည်။

Ref: South China Morning Post

No comments:

Post a Comment