Pages

Monday, March 4, 2013

တောင်ကြီးပြန်ကြားရေးဌာန နဲ့ မီလျံနာစာပေ

မတ်(၄)

တောင်ကြီးမြို့ မီလျံနာစာပေ အဆောက်အအုံသည် အစိုးရပိုင်မြေပေါ်တွင် ဆောက်လုပ်ထားခြင်း ဖြစ်ဖွယ် ရှိသဖြင့် ထွက်ခွာပေးရန် ပြန်ကြားရေးဌာနက သတိပေးထားသည်ဟု သိရသည်။

 အစိုးရ၏ အိမ်ဥပစာတွင် ခွင့်ပြုချက်မရှိဘဲ နေထိုင်သည်ဟု ယူဆရသောကြောင့် သတ်မှတ်ရက်အတွင်း ထွက်ခွာခြင်း မရှိပါက  ဖယ်ရှားခံရမည်ဟု စာတွင် ရေးထားကြောင်း မီလျံနာစာပေတိုက်မှ ဒေါ်မျိုးမျိုးသူက မီဒီယာသမားများကို ယခင်တပတ်က  ရှင်းလင်းပြောဆိုခဲ့သည်။

သတိပေးစာတွင် ရေးထားသကဲ့သို့ခွင့်ပြုချက်မရဘဲ နေထိုင်ခြင်းမဟုတ်ကြောင်း ဒေါ်မျိုးမျိုးသူက ပြောသည်။

 မြသုခရုပ်ရှင်ရုံ လေလံတင်အပြီး   မြန်မာ့ရုပ်ရှင်လုပ်ငန်း အထက်မြန်မာ ပြည်ရုံးခွဲ ဒုညွှန်မှူး ဦးတင်လှိုင် ထံတွင်    မြေငှားစာချုပ်ချုပ်ဆိုခဲ့ပြီး   ဖြစ်သည်ဟု ဆိုသည်။
၁၉၉၇ခုနှစ်ကကျပ်သိန်းပေါင်းများစွာအကုန်အကျခံကာယခုလက်ရှိအဆောက်အအုံ ဆောက်လုပ်ခဲ့ခြင်းကြောင်း၊  

လစဉ် မြေငှားရမ်းခ ၇၀,၀၀၀ ဖြင့် အစပြုခဲ့ပြီး နောက်ပိုင်း တလလျှင်  ၂၅၀,၀၀၀အထိ ပေးချေခဲ့ကြောင်း မီလျံနာ စာပေမှ ဦးနီနီကိုက ပြောသည်။


မိမိတို့ထံ ပို့လာသည့် နို့တစ်စာအပေါ် ငြင်းဆိုပြန်ကြားစာကို ဖေဖော်ဝါရီ ၂၀ရက်နေ့က ပြန်ကြားရေးဌာနသို့ ပြန်လည်ပေးပို့ခဲ့ကြောင်း ဦးနီနီကိုကပြောသည်။

သမ္မတ၊ ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွတ်တော် ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ (၀န်ကြီးချုပ်)၊ ပြန်ကြားရေး ၀န်ကြီးဌာန (နေပြည်တော်)၊ ရှမ်းပြည်နယ် အုပ်ချုပ်ရေးမှုး၊ ပြည်နယ်ရဲတပ်ဖွဲ့ရုံး တို့ကိုလည်း မိတ္တူပေးပို့ထားကြောင်း သူက ဆက်လက် ရှင်းပြသည်။
ယခုလိုနို့တစ်စာထုတ်ခံရခြင်းနှင့်ပတ်သက်ပြီး နိုင်ငံသားယောက်၏ရပိုင်ခွင့်နှင့်အညီဥပဒေဘောင်အတွင်း

ကနေပြီး နောက်ဆုံးအချိန်ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

 စတင်အနှင်ခံရသည်မှာ ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်ကြောင်း ၊ မစည်ကားခင်ကတည်းက မနစ်နာခံပြီး စာပေလုပ်ငန်း လုပ်ဆောင်ခဲ့ကြောင်း၊ မီဒီယာကော်နာတွေခွင့်ပြုပေးမည်ဟုပြောပြီး မိမိတို့စာပေ လုပ်ငန်းကို နှင်ထုတ်နေသည့်အတွက် စိတ်ထဲမှာခံစားရကြောင်း မီလျံနာ စာပေ မှ ဦးနီနီကိုကပြောသည်။

၁၉၈၆ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့သောမီလျံနာစာပေတိုက်သည်  မြို့ကြီးများမှစာအုပ်ထုတ်ဝေရေးလုပ်ငန်းများ

 နှင့် တိုက်ရိုက် ဆက်သွယ်ပြီး ရှမ်းပြည်နယ်တ၀န်းကို စာနယ်ဇင်းများ ဖြန့်ချိပေးလျက်ရှိသည်။
The Irrawaddy's Blog

No comments:

Post a Comment