Pages

Friday, March 22, 2013

နားဘောင် ဘက်စုံဖွံ့ဖြိုးရေးစိုက်ကွင်း သမိုင်းသတင်းနှင့်ပတ်သက်၍ သတင်းစားရှင်းလင်းပွဲပြုလုပ်

မတ်(၂၂)


နားဘောင်ဘက်စုံဖွံ့ဖြိုးရေးစိုက်ကွင်း သမိုင်းသတင်းကို မဟုတ်မှန်သောကြောင့်မတ်လ ၂၁ ရက် ထီဟန်းဆွေးရွာ၌ မြေသိမ်းခံရရွာသားများ သတင်းစာရှင်လင်းပွဲ ပြုလုပ်ကြောင်း သိရသည်။

မတ်လ ၁၆ ရက်တောင်ကြီးတိုင်းမ်တွင် ဖော်ပြခဲ့သော နားဘောင်စိုက်ကွင်းသမိုင်းဟာ မှန်ကန်မှုမရှိကြောင်း၊ ၁၉၉၆ ခုနှစ် ပအိုဝ်းအမျိုးသားများ ပြန်လည်လက်နက်ကိုင်တော်လှန်သည့် အခါနားဘောင်စိုက်ကွင်း ဒေသခံရပ်မိရပ်ဖက ဝင်ရောက်လုပ်ကိုင်ခြင်း မဟုတ်ကြောင်း၊ ၁၉၅၈ ခုနှစ်တွင် ခြံပိုင်ရှင်များ သဘောတူညီမှု မရဘဲ ဗိုလ်ချန်ဇုံလက်ထက်တွင် ပထမအကြိမ် သိမ်းယူခဲပြီး ၁၉၆၃ ခုနှစ်တွင် နိုင်ငံရေးအရ ခြံယာပိုင်ရှင်များ စုပြီး ပြန်လည်ပေးအပ်သောကြောင့် ခြံပိုင်ရှင်များ ပြန်လည်လုပ်ကိုင်ရခြင်းဖြစ်ကြောင်း မြေသိမ်းခံရသော ထီဟန်းဆွေးဒေသခံတစ်ဦးက ပြောသည်။

၁၉၆၃ ခုနှစ်ကတည်းက ပြန်လည်လုပ်ကိုင်လာ၍ ၁၉၉၈ ခု မေလတွင် ခြံပိုင်ရှင်က သဘောတူညီမှု မရှိဘဲ ဦးစန္တာ(ကွယ်လွန်) ကပြန်လည်သိမ်းယူခဲ့ကြောင်း၊ ဒေသခံ ရပ်မိရပ်ဖများနှင့် ပွင့်လင်းစွာ ဆွေးနွေးခြင်း မရှိဘဲ အာဏာဖြင့် သိမ်းယူခဲ့ကြောင်း သိရသည်။

ဗိုလ်ချန်ဇုံ လက်ထက်က ဆောက်လုပ်ပေးသောဈေးကို ဈေးကောက်အနေဖြင့် ပြန်လည်မွမ်းမံခြင်းဖြစ်ကြောင်း၊ ဈေး၏မြောက်ဘက် တောင်ပေါ်တွင် အစိုးရမူလတန်းကျောင်းဆောင်နှင့် ကားလမ်းမကြီးအနောက်ဘက် မူလတန်းကြိုကျောင်းကို ၂၀၁၀-၂၀၁၁ ခုနှစ်တွင် TPA ဂျပန်အဖွဲ့အစည်းက ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း၊ ကားလမ်းအနောက်ဘက် ဘုန်းကြီးကျောင်းနှင့် မူလတန်းကြိုကျောင်းကို ထီဟန်းဆွေးဆရာတော် ဦးခန္ဒီဓဇက ဦးဆောင်ပြီး ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တဖန်ကားလမ်းအနောက်ဘက် စိုက်ပျိုးဥယျာဉ် ကာရာမိုစီယာ စံပြကျေးရွာနှင့် ကာရာမိုစီယာ စိုက်ပျိုး ရေးခြံများကို ၅ နှစ် စီမံကိန်းသာ ဖြစ်ပြီး ယခုထိနေထိုင်လျှက်ရှိကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO စိုက် ကွင်း ဧရိယာအတိအကျကို ပြန်လည်သတ်မှတ်ခြင်းကို ယုတ္တိမရှိကြောင်း ဒေသခံများက ပြောသည်။

ကားလမ်းမကြီးအနောက်ဘက်တွင် ကျေးရွာသောက်သုံးရေကန်တစ်ကန်ကို ရွာသားများကိုယ့်အား ကိုယ်ကိုး ဆောက်လုပ်ခြင်းဖြစ်ကြောင်း၊ PNO အဖွဲ့က ဆောက်ပေးခြင်းမဟုတ်ကြောင်း ရွာသားများက ပြောသည်။

ရှေ့မှီ နောက်မှီဖြစ်သော မြေ ၁၄ ဧကအသိမ်းခံရသည့် ဦးပညာ (ခ) ဦးရှင်ယင် အသက် ၇၈ နှစ်သည် တန်ဖိုး သင့်ငွေ ပေးတာ တစ်ခါမှ မရှိဖူးကြောင်း၊ မြေလွတ်မြေရိုင်းမဟုတ် ရွှေ့ပြောင်းတောင်ယာသာဖြစ်ကြောင်း၊ ထိန်းသိမ်းထားသော မြေယာကို ပေါင်နံခြင်း၊ ရောင်းစားခြင်းမရှိဟု ပြောရာတွင် ထိုင်ဝမ်ကုမ္ပဏီ သို့နှစ် ၃၀ ဌားရမ်းထားကြောင်းကို ဗိုလ်မှူးဦးခွန်သိန်းဖေ ပြောဖူးကြောင်း ဒေသခံများက ပြောသည်။

၎င်းမမှန်ကန်သော သတင်းအပေါ်တွင် ခြံပိုင်ရှင်မ အမှန်စကားကို သူတို့ကပြန်ချေပခြင်းဖြစ်ပြီး တစ်ဖက် သတ်ဖြစ်နေ၍ မမှန်သောသတင်းကို နားယောင်ပြီးလုပ်ဆောင်လို့မရကြောင်း မြေသိမ်းခံရသ ဦးမြမောင် က ပြောသည်။

အာဏာအနေနှင့် ပြုလုပ်ပြီး ခြံပိုင်ရှင်နှင့် လူထုအပေါ်တရားမျှတမှု မရှိ၊ အနိုင်ကျင့်ခံနေရကြောင်း မြေ သိမ်းခံရသူဦးလွန်းက ပြောသည်။ ဒီသတင်းကို မြေသိမ်းခံရသောခြံပိုင်ရှင်အနေနှင့် ကိုက်ညီမှုမရှိကြောင်း၊ အဖွဲ့ စည်းအဖွဲ့ဝင် ဦးပေလွန်း၏သားဖြစ်သူ ဦးမောင်ငယ်က ပြောသည်။

ခြံမြေယာသိမ်းပြီး နှစ်နာကြေး ပြန်လည်ပေးခြင်းမရှိ၊ ဒီသတင်းထဲကအတိုင်း မဟုတ်မှန်ကြောင်း ၁၉၉၈ နောက်ပိုင်းတွင် ယောက္ခထီးဦးကုံရဝန် လုပ်ကိုင်စဉ်လည်း နှစ်နာကြေးပေခြင်း မရှိကြောင်း မြေသိမ်းခံရသူ ဦးထွန်းစိန်က ပြောသည်။

နားဘောင်ဈေးအနီး PNO ရုံး၌ မတ်လ ၃ ရက်က ဗိုလ်မှူးဦးခွန်လာပြောခဲ့သော မတ်လ ၃၁ ရက်တွင် ပြေလည်အောင် ညှိနိုင်ပေးမည်ဟုပြောသည့်အတိုင်း ပြေလည်အောင်လုပ်ပေးလျှင် လုပ်ပေး၊ ပြေလည်အောင် မလုပ်ပေးနိုင်လျှင် ခြံပိုင်ရှင်များက ဝင်ရောက်လုပ်ကိုင်တော့မည်ဖြစ်ကြောင်း ရှေ့မှီနောက်မှီ အဘိုးဦးရှင်ယင် က ပြောသည်။









 

No comments:

Post a Comment