မတ်(၈)
ရှမ်းပြည်နယ်
(တောင်ပိုင်း) တောင်ကြီးမြို့ အေးသာယာ ကားကြီးကွင်း ရှမ်းပြည်နယ်
စစ်မှုထမ်းဟောင်း အဖွဲ့ တိုက်တန်း အခန်းအမှတ် (ဃ-၉) ၌ ယမန်နေ့ နံနက် ၇ နာရီ က
ရွှေမန္တလာ Express အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်း ဂိတ်သစ်
ဖွင့်ပွဲ ကျင်းပရာ
တောင်ကြီးမြို့နယ် မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ
ကြီးကြပ် ထိန်းသိမ်းရေး အဖွဲ့ အလုပ်အမှုဆောင်များ၊ တောင်ကြီးမြို့နယ်
စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသော
ဧည့်သည်များ တက်ရောက်ကြသည်။
အဆိုပါ ရွှေ န္တလာ Express အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းသည်
ရန်ကုန်မှ တောင်ကြီးသို့ နေ့စဉ် ည ၇ နာရီတွင် ဂိတ်မှ စတင်ထွက်ခွာမည်
ဖြစ်ပြီး တောင်ကြီးမှ ရန်ကုန်သို့ နေ့စဉ် ည ၈ နာရီတွင် ဂိတ်မှ
စတင်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment