Pages

Friday, March 8, 2013

မြန်မာသမ္မတနှင့် ဘရာဇီးသမ္မတတို့ ကို International Crisis Group က ချီးမြှင့်သော ဂုဏ်ပြုညစာစားပွဲ ဧပြီတွင် ပြုလုပ်မည်

မတ်(၈)

နိုင်ငံတကာ ပဋိပက္ခနှင့် အကျပ်အတည်းများ လေ့လာရေးအဖွဲ့  International Crisis Group (ISG) သည် အဖွဲ့ မှပေးအပ်သော “ငြိမ်းချမ်း ရေး ရှာဖွေမှု”ဆု In Pursuit ofPeace Award ကို ယခုနှစ် ၂၀၁၃ အတွက် ချီးမြှင့်ခံရသည့်မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီးသမ္မတ လူ လာဒါဆေးလ်
ဗားတို့အား ဂုဏ်ပြုမည့် ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲကို လာမည့်ဧပြီ ၂၂ ရက်နေ့တွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ တော်၌ပြုလုပ်မည့် ယင်း ညစာစားပွဲသည် နိုင်ငံတကာ အစိုးရများ၊ သံတမန်ရေးရာနှင့်ပြည်သူ့ရေးရာမူဝါဒ ကဏ္ဍများတွင် လူသန်းပေါင်းများစွာတို့ ဘဝပြောင်းလဲအောင်၊ ပဋိပက္ခကင်းမဲ့သည့် လောကတွင်နေထိုင်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးခဲ့သော ခေါင်း
ဆောင်များကို အသိအမှတ်ပြု ချီးမြှင့်ပေးခြင်း ဖြစ်ကြောင်း အဖွဲ့ ၏ ကြေငြာချက်တွင် ဖေါ်ပြထားသည်။

အဖွဲ့ ၏ နာယကဖြစ်သူ သောမတ်စ် အာရ် ပစ်ကာရင်းကဆုပေးပွဲနှင့်ဂုဏ်ပြုညစာစားပွဲတို့ နှင့်ပတ်သတ် ၍ “ကမ္ဘာကြီးဟာ မှားယွင်းတဲ့ လမ်းကြောင်းဆီ ဦးတည်နေပုံရတဲ့အချိန်မှာ မြန်မာနဲ့ ဘရာဇီး သမ္မတတွေ ကတော့ သူတို့ရဲ့ပြည်သူတွေအတွက် ပိုကောင်းတဲ့လမ်းကြောင်း ဖေါ်ဆောင်
နိုင်တယ်ဆိုတဲ့ ဥပမာကောင်းတွေကို ပြသခဲ့ပါတယ်။နှစ်ပေါင်းများစွာ ထီးကျန်ခဲ့ပြီးနောက် မြန်မာ နဲ့ ဘရာဇီးကို ဒေသတွင်းနဲ့နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းမှာ နိုင်ငံရဲ့ အခန်းကဏ္ဍ
မြင့်မားအောင်၊ ထူးခြားတဲ့ခြေလှမ်းတွေ ရရှိနိုင်အောင် ဒီသမ္မတနှစ်ဦးက ကူညီပေးခဲ့တဲ့ အတွက် ဆုနဲ့ ထိုက်တန်ပါတယ်”ဟုပြောဆိုထားသည်။

နှစ်စဉ်ပြုလုပ်သော ISG ၏ ညစာစားပွဲကို တက်ရောက်လိုသူများအနေဖြင့် လက်မှတ်များ ဝယ်ယူနိုင်ပြီး လက်မှတ်များတွင်အဖွဲ့နာယက များနှင့် အတူထိုင်ရမည့် လူနှစ်ဆယ်စာစားပွဲတွင် ကြိုတင်လက်မှတ် တစ်စောင် (ဒေါ်လာ တစ်သိန်း) မှသည်Diamond ၊ Gold ၊ Silver၊ Crystal အဆင့်လက်မှတ်များ
(ဒေါ်လာ ၇၅,၀၀၀ မှ ၁၅,၀၀၀ အထိ)နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် လက်မှတ်များ(ဒေါ်လာ ၅,၀၀၀ ၊ ၂,၅၀၀ ၊ ၁,၀၀၀)အသီးသီး စီစဉ်ထားသည်ဟု သိရသည်။

The Myanma Age
မြန်မာသမ္မတနှင့် ဘရာဇီးသမ္မတတို့ ကို International
Crisis Group က ချီးမြှင့်သော ဂုဏ်ပြုညစာစားပွဲ ဧပြီတွင်
ပြုလုပ်မည်
Friday, March 8, 2013

နိုင်ငံတကာ ပဋိပက္ခနှင့် အကျပ်အတည်းများ လေ့လာရေး
အဖွဲ့  International Crisis Group (ISG) သည် အဖွဲ့ မှ
ပေးအပ်သော “ငြိမ်းချမ်း ရေး ရှာဖွေမှု”ဆု In Pursuit of
Peace Award ကို ယခုနှစ် ၂၀၁၃ အတွက် ချီးမြှင့်ခံရသည့်
မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီးသမ္မတ လူ လာဒါဆေးလ်
ဗားတို့အား ဂုဏ်ပြုမည့် ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲကို လာမည့်
ဧပြီ ၂၂ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ တော်၌ပြုလုပ်မည့် ယင်း ညစာစားပွဲသည် နိုင်ငံတကာ အစိုးရများ၊ သံတမန်ရေးရာနှင့်
ပြည်သူ့ရေးရာမူဝါဒ ကဏ္ဍများတွင် လူသန်းပေါင်းများစွာတို့ ဘဝပြောင်းလဲအောင်၊ ပဋိပက္ခကင်းမဲ့သည့် လောကတွင်
နေထိုင်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးခဲ့သော ခေါင်း
ဆောင်များကို အသိအမှတ်ပြု ချီးမြှင့်ပေးခြင်း ဖြစ်ကြောင်း အဖွဲ့ ၏ ကြေငြာချက်တွင် ဖေါ်ပြထားသည်။

အဖွဲ့ ၏ နာယကဖြစ်သူ သောမတ်စ် အာရ် ပစ်ကာရင်းက
ဆုပေးပွဲနှင့် ဂုဏ်ပြုညစာစားပွဲတို့ နှင့်ပတ်သတ်၍ “ကမ္ဘာ
ကြီးဟာ မှားယွင်းတဲ့ လမ်းကြောင်းဆီ ဦးတည်နေပုံရတဲ့
အချိန်မှာ မြန်မာနဲ့ ဘရာဇီး သမ္မတတွေကတော့ သူတို့ရဲ့
ပြည်သူတွေအတွက် ပိုကောင်းတဲ့လမ်းကြောင်း ဖေါ်ဆောင်
နိုင်တယ်ဆိုတဲ့ ဥပမာကောင်းတွေကို ပြသခဲ့ပါတယ်။နှစ်ပေါင်း
များစွာ ထီးကျန်ခဲ့ပြီးနောက် မြန်မာနဲ့ ဘရာဇီးကို ဒေသတွင်းနဲ့
နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းမှာ နိုင်ငံရဲ့ အခန်းကဏ္ဍ
မြင့်မားအောင်၊ ထူးခြားတဲ့ခြေလှမ်းတွေ ရရှိနိုင်အောင် ဒီသမ္မတ
နှစ်ဦးက ကူညီပေးခဲ့တဲ့ အတွက် ဆုနဲ့ ထိုက်တန်ပါတယ်”ဟု
ပြောဆိုထားသည်။

နှစ်စဉ်ပြုလုပ်သော ISG ၏ ညစာစားပွဲကို တက်ရောက်လိုသူ
များအနေဖြင့် လက်မှတ်များ ဝယ်ယူနိုင်ပြီး လက်မှတ်များတွင်
အဖွဲ့နာယက များနှင့် အတူထိုင်ရမည့် လူနှစ်ဆယ်စာစားပွဲတွင် ကြိုတင်လက်မှတ်တစ်စောင် (ဒေါ်လာ တစ်သိန်း) မှသည်
Diamond ၊ Gold ၊ Silver၊ Crystal အဆင့်လက်မှတ်များ
(ဒေါ်လာ ၇၅,၀၀၀ မှ ၁၅,၀၀၀ အထိ)နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း
အတွက် လက်မှတ်များ(ဒေါ်လာ ၅,၀၀၀ ၊ ၂,၅၀၀ ၊ ၁,၀၀၀)
အသီးသီး စီစဉ်ထားသည်ဟု သိရသည်။

Ref: ISG
The Myanma Age

No comments:

Post a Comment