Pages

Monday, March 25, 2013

iPhone ကို ငါးနှစ်ဒိတ်အောက်သည်ဟု Blackberry ဘော့စ်က ဆို

မတ်(၂၅)
တရားဝင်ပြောဆိုလိုက်တာပါ။ သြစတေးလျ နိုင်ငံမှ ကျင်းပတဲ့ Blackberry စမတ်ဖုန်း အသစ် မိတ်ဆက်ပွဲမှာ Blackberry အမှုဆောင်ဥက္ကဌ Thorsten Heins က ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။

"Apple က Innovation မှာ ကောင်းတယ်ဆိုတာ ၂၀၀၇ ခုနှစ်တုန်းကပါ။ ခုက Innovation လုပ်နိုင်သူတွေ များသထက်များလာတယ်ဗျ။ Speed ဘက်ပိုင်းက Apple မှာ ထူးထူးခြားခြား ဖြစ်မလာဘူး။ လူတိုင်း စောင့်နေပေ မယ့် နောက်ထွက်သမျှ iPhone တိုင်းမှာ အားနည်းချက် ကိုယ်စီပါပါ လာတယ်" လို့ Telegraph ကိုပြောဆိုပါတယ်။

"ခု Blackberry မှာ multi tasking ပါတယ်။ Laptop မှာ သုံးနေရသလိုပေါ့ App တွေအများကြီးကို တစ်ပြိုင်နက်တည်း Run နိုင်ပါတယ်။ Apple မှာတော့ Power consumption သက်သာဖို့အတွက် apps run ထားနဲ့ စနစ်က တော်တော်လေး နောက်ကျနေပါပြီ။" လို့ ဆက်ပြောခဲ့ပါတယ်။

Blackberry သူဌေးရဲ့  အထက်ပါပြောဆိုချက်များကို Apple ပရိတ်တို့ မနှစ်သက်ပါဘူး။ ဈေးကွက်ရရှိုဖို့အတွက် လက်ရှိကာလအတွင်း Blackberry က ငွေအများအပြား သုံးစွဲနေပါတယ်။ App Developer အသစ်ပေါင်း များစွာ ငှားရမ်းခေါ်ယူပြီး Blacberry OS နဲ့ သင့်တော်တဲ့ App များကို ခပ်များများ ဖန်တီးနေပြီ ဖြစ်ပါတယ်။

Blackberry အနေနဲ့ ၂၀၁၃ မှာ ကမ္ဘာ့ ရောင်းအားကောင်း စမတ်ဖုန်း ကုမ္မဏီတစ်ခုအဖြစ် ပြန်လာ ပါဝင်လာနိုင်ဖို့ ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။

TechSpace Journal

---
Ref: techblog
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/03/iphone-blackberry.html

--
TechSpace Journal

No comments:

Post a Comment