Pages

Tuesday, March 5, 2013

ရောင်းမကုန်လျှင် မီးရှို့ သော LV ဖက်ရှင်

မတ်(၅)

LV (Lousi Vuitton) ဆိုတာ ပြင်သစ်နိုင်ငံ အခြေဆိုက် ကမ္ဘာ့ထိပ်တန်း ဖက်ရှင်ပစ္စည်းကုမ္မဏီ တစ်ခု ဖြစ်ပါတယ်။ အထူးဖြင့် LV အမှတ်တံဆိပ်နဲ့ ပိုက်ဆံအိပ်များက ကမ္ဘာကျော်ပဲ ဖြစ်ပါတယ်။ အဆင့်မြင့် သားရေသား စစ်စစ်နဲ့ ဈေးကြီးကြီးထုတ်လုပ်ရောင်းချပါတယ်။

သူ့မှာ ထူးခြားချက် တစ်ခုရှိပါတယ်။ ဒါကတော့ တစ်နှစ်တာ ရောင်းမကုန်တဲ့ ပစ္စည်း (အိပ်များ)ကို နှစ်တစ်နှစ် အကုန်တိုင်းမှာ မီးရှို့ ခြင်း ဖြစ်ပါတယ်။ သူ့လိုပဲ ပြင်သစ် Chanel ဖက်ရှင်ကလည်း လုပ်ပါတယ်။ သူတို့ နှစ်ခုလုံးက ထုတ်တဲ့ ပစ္စည်းတိုင်းက ကမ္ဘာ့လူကြိုက်များပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဖက်ရှင် ပစ္စည်းတွေချည်း ထုတ်တာ ဖြစ်ပါတယ်။

တစ်နှစ်တာ ရောင်းရတဲ့ ငွေစာရင်းနဲ့ အချက်အလက်များကို စစ်ဆေးပြီး လက်ကျန် ပစ္စည်းများကို စုစည်းပြီး မီးရှို့ ဖျက်ဆီးပါတယ်။ ရည်ရွယ်ချက် ကတော့ ယင်းပစ္စည်းများ ဈေးကွက်မှာ ဈေးပေါပေါနဲ့ ရောက်ရှိသွားမှာ စိုးလို့ လို့ ဆိုပါတယ်။

ဒါကြောင့် ပစ္စည်းတန်ဖိုးကို ထိန်းသိမ်းတဲ့အနေနဲ့ မီးရှို့ ဖျက်ဆီးခြင်းလို့ ဆိုပြီး ဒါကို ဖြုန်းတီးမှု တစ်ခုလို့ ဝေဖန်သူများလည်း ရှိကြောင်း သိရပါတယ်။


International news for myanmar

No comments:

Post a Comment