Pages

Thursday, March 28, 2013

ဝိန်းဟောင် ပြည်သူ့စစ်ခေါင်းဆောင်အား RCSS/SSA အဖွဲ့မှ ဖမ်းဆီးထား

မတ်(၂၈)

 



ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ် မိုင်းပုကြီးကျေးရွာအုပ်စု ၀ိန်းဟောင်ကျေးရွာ ပြည်သူ့ စစ်  ခေါင်းဆောင်အား RCSS/SSA အဖွဲ့မှ မတ်လ တတိယပတ်အတွင်း ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ ကြောင်း သိရသည်။

မတ်လ (၂၂) ရက်နေ့မနက်ပိုင်းတွင် မိုင်းပုကြီးကျေးရွာအုပ်စု ၀ိန်းဟောင်ကျေးရွာနေ ၀ိန်းဟောင ပြည်သူ့ စစ်ခေါင်းဆောင် ဦးဆုစိန္တသည် အလုပ်ကိစ္စဖြင့် သံလွင်မြစ်ကမ်းဘေးရှိ တာလုံ ကူးတို့ ဆိပ်သို့ သွားရောက်ခဲ့ရာမှ ယနေ့တိုင် ပြန်လည်ရောက်ရှိခြင်း မရှိ ကြောင်း သိရသည်။

``အိမ်ကနေ စထွက်သွားတာကတော့ မနက်ပိုင်းပါ၊ သူနဲ့အတူ လွယ်အိတ် တစ်လုံးနဲ့ ပစ္စတိုသေနတ် တစ်လက် ပါသွားခဲ့ပါတယ်။ သံလွင်မြစ်ကမ်းဘေးက တာလုံကူးတို့ဆိပ်ကို အလုပ်ကိစ္စနဲ့သွားမယ် ပြော ပြီး ဆိုင်ကယ်ဖြင့် ထွက်သွားတာပါ။ အခုဆိုရင် အိမ်ကထွက်သွားတာ တစ်ပတ်ပြည့်တော့မယ်၊ ကျွန်မတို့ မိသားစုတွေ လိုက်စုံစမ်းကြည့်တော့ ဟွေလုံချောင်းနားမှာ ကျွန်မ အမျိုးသားကို SSA ယွက်ဆစ်အဖွဲ့က ဖမ်းသွားခဲ့တယ်လို့ သိရတယ်။ ငွေလိုချင်လို့လား၊ ဒါမှမဟုတ် ကျွန်မတို့ ၀ိန်းဟောင် ပြည်သူ့စစ်အဖွဲ့ကို မကျေနပ်လို့ သတ်ပစ်လိုက်ပြီလား ဆိုတာတော့ မသိရသေးပါဘူး´´ ဟု ဦးဆုစိန္တ ၏ ဇနီးမှ ပြောပြခဲ့ပါသည်။

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ယွက်ဆစ် အဖွဲ့သည် နိုင်ငံတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘော တူထားပြီး ဖြစ်သော်လည်း တပ်သားသစ်များ အဓမ္မစုဆောင်းခြင်း၊ မူးယစ်ဆေးဝါးများ စိုက်ပျိုးရောင်း ချခြင်းနှင့် ဆက်ကြေးတောင်းခံခြင်းများ ပြုလုပ်နေသေးကြောင်း သိရသည်။ နယ်မြေကျူးကျော်ပြီး စစ်စခန်းများ တည်ဆောက်လာမှုကြောင့် တပ်မတော်စစ်ကြောင်း များနှင့် မကြာခဏ တိုက်ပွဲ များ ဖြစ်ပွားနေပြီး ယခုကဲ့သို့ ပြည်သူ့စစ် အဖွဲ့များကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြု လုပ်နေကြောင်း လည်း ဒေသခံများထံမှ သိရသည်။



No comments:

Post a Comment