Pages

Monday, March 25, 2013

ကွန်ဟိန်းမြို့တွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ



မတ်(၂၅)

ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့ အမှတ်(၄)ရပ်ကွက်တွင် မတ်(၂၄)ရက်နေ့က တာဝန်ရှိအဖွဲ့ အစည်းမှ WY စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ကွန်ဟိန်းမြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် အမျိုးသမီးသက်သေတစ်ဦး ပါဝင်သော ပူးပေါင်း အဖွဲ့သည် ကွန်ဟိန်းမြို့ အမှတ်(၄)ရပ်ကွက်နေ ဦးအိုက်ပူ(ခ)ဦးစိတ္တနေအိမ်အား သတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ်တွင်မရှိဘဲ ၄င်းအိမ်၌ ရောက်နေသည့် မနန်းကူး (ခ) နန်းဆိုင်လောဝ်ကိုသာ တွေ့ရှိ၍ ရှာဖွေစစ်ဆေးခဲ့ရာ WY စာတမ်းပါပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား များ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မနန်းတူး(ခ)နန်းဆိုင်လောဝ်၏ လုံချည်ဘယ်ဘက်တွင် ထည့်ထားသော WY စာတမ်းပါစိတ်ကြွ ရူးသွပ်ဆေးပြား(၂)ပြား နှင့် တရုတ်နိုင်ငံထုတ်(Z-1) စက်ဘီးလက်ကိုင်တွင် ပလပ်စတစ်စ အဖြူရောင်ဖြင့် ထုတ်၍ ထည့်ထားသော WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား(၁၀)ပြား ကာလတန်ဖိုးငွေ (၄၄၀၀၀) ကျပ်နှင့် ငွေစက္ကူရောရာ(၆၅၀၀)ကျပ်တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါသည်။

စိတ်ကြွရူးသွပ်ဆေးပြားများအား တရားမ၀င်လက်ဝယ်ထားရှိသော မနန်းကူးအား ကွန်ဟိန်းရဲစခန်းမှ ဥပဒေ ပုဒ်မ ၁၅/၁၆ (၈)အရ အမှုဖွင့်အရေးယုထားကြောင်းနှင့် ထွက်ပြေးလွတ်မြောက်သွားသူ ဦးအိုက်ပူ အား စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရ ပါသည်။

No comments:

Post a Comment