Pages

Thursday, April 11, 2013

မိတ္ထီလာမှာ သေကံမရောက် သက်မပျောက်ခဲ့တဲ့ AP သတင်းထောက်

ဧပြီ(၁၁)


မတ်လ(၂၂) ရက် ၀န်းကျင်လောက် က မိတ္ထီ လာကို သတင်း လာယူတဲ့ မီဒီယာ အုပ်စု တစ်စုကို အဖျက် သမား အုပ်စု တစ်စုက မီးလောင် တိုက် သွင်းဖို့ကြိုးစား ခဲ့တယ်။ အဲဒီထဲမှာ နိုင်ငံခြား သတင်းထောက်တွေ လည်းပါ တယ်။ ဒါပေမဲ့ မဖြစ်မြောက် ခဲ့ဘူးဆိုတဲ့ သတင်းသဲ့သဲ့ကြားလိုက်ရပါတယ်။
AP သတင်းထောက် ကိုခင်မောင်ဝင်း(ရွှေအင်းသား)ကို မေးကြည့်တဲ့အခါ "အဲဒီဖြစ်စဉ် အမှန်ပါဘဲ" လို့ပြောပါတယ်။
ဖြစ်စဉ် ကဒီလိုပါတဲ့။" 7Day/ Messenger/ AFP/ RFA သတင်းဌာနက ဓာတ်ပုံဆရာတွေ၊ သတင်း ထောက်တွေ နဲ့ အတူ အဝေးပြေးကားဝင်းက တဆင့်မြို့ ထဲကို ကားနဲ့သွားခဲ့ပါတယ်။ မြို့ က(၂)ရက် လောက် နဲ့ တင် အတော်လေးပျက်စီးနေပြီး မီးလောင်ပြင်ဖြစ်နေပါပြီ။ ဈေးကုန်းကျောင်း ဆရာတော်ကို ၀င်ဖူး ပြီး ဆရာတော်က ဒကာတစ်ယောက်ထည့်ပေးလိုက် ပါတယ်။ မီးလောင်ပြင်တွေကို ဓါတ်ပုံ ရိုက်ကြ တာပေါ့။ အဲဒီအချိန် ဗလီ တစ်ခုကို မီးရှို့နေတဲ့အုပ်စုနဲ့ ဘွားကနဲ့ပက်ပင်းသွားတိုးပါတယ်။ ပိာုမှာမီဒီယာတွေ ငါတို့ကို ဓါတ်ပုံရိုက်နေတယ်... ကားကိုမီးရှို့လို့အော်ေ ပြာပြီး တုတ်၊ဓါး၊၀ါးချွန်တွေနဲ့ ရောက်လာကြတယ်။ ကားကို ၀ိုင်းထားပြီး ကားကို ၀ိုင်းထုကြတယ်။ ကိုရင်တပါးက မင်းတို့ဘာလို့ဓါတ်ပုံရိုက်တာလဲမေးတော့ မရိုက်ကြောင်းရှင်းပြလဲ မရပါဘူး။ ဘေးမှာ သတ်မယ်၊ ရှို့မယ် တကဲကဲ လုပ်နေကြပြီ။
ဒါဆိုကတ်ပြားထုတ်ဆိုလို့ ရိုက်လက်စ memory card ထုတ်ပးလိုက်တော့ ရိုက်ချိုးပစ်တယ်။အဲဒီအချိန် ကားထဲ မှာရှိတဲ့ ဓါတ်ပုံဆရာ ဂျေမောင်မောင်ကို ကားထဲကဆွဲချနေတာ မနည်းတောင်းပန်နေချိန်မှာ ဘုန်းကြီး တစ်ပါးက ကျွန်တော့်ကို ဌက်ကြီးတောင်ဓါးနဲ့ ရင်ညွန့်ကိုထောက်ထားတာ။ဘေးမှာသွေး ကြွအောင် ညာသံပေးနေတဲ့ သူတွေက အများကြီးပါပဲ။ ကတ်ပေး လိုက်တဲ့ ဘုန်းကြီး ကိုအကူ အညီ လှမ်းတောင်း ရတယ်။ ကယ်ပါဦး ဘုန်းဘုန်း ရယ်ပေါ့။ အဲဒီမှာ ဘာကံကောင်း သွားလည်းဆိုတော့ ကျွန်တော်တို့ ထဲမှာ ပါတဲ့လူက နာရေး ကူညီမှုမှာ လုပ်နေတဲ့ လူဆိုတာ ဦးဇင်း တချို့က သိကြတယ်။ အဲဒီမှာ ၀င်တောင်း ပန်ပေးတော့ လက်ခံကြချိန်မှာ မရဘူး၊ သတ်မယ်ဆိုတဲ့ ၂ပါးလောက်ရှိနေသေးတယ်။ ကားနောက် ဖုံးကို ဖွင့်ပြီး ကင်မရာတွေကို ရိုက်ချိုးဖို့ လုပ်နေကြပြီ။ ဒါနဲ့ ခုနကအကူအညီပေးတဲ့ ဦးဇင်း က မင်းတို့  မီဒီယာကား ချက်ချင်းသွား၊ မကြည့်ချင်ဘူး၊ ဘာညာပြောပြီးမောင်း ထုတ်မှလွတ်သွားတာ။ ဒါတောင်ဈေး ကုန်းကျောင်းရောက်တဲ့အထိ အချို့ လိုက်လာကြသေးတယ်။သွေးဆာနေတဲ့လူတစုက ကျောင်းကို ၀ိုင်းထားလို့  ဆရာတော်က ရဲစခန်းကိုအကူအညီလှမ်းတောင်းပေးတယ်။ သက်ဆိုင်ရာက ယာဉ်တန်း နဲ့ အပြင်လာ ထုတ်ပေးပါတယ်။ "
Myanmar Daily News

No comments:

Post a Comment