Pages

Wednesday, April 24, 2013

နေ့စဉ်အားထား အသုံးပြုနေသော သောက်သုံးရေကန် သန့်ရှင်းရေး ရပ်ကွက်နေ ပြည်သူများ တက်ညီ လက်ညီ စုပေါင်း ဆောင်ရွက်

ဧပြီ(၂၄)

ရှမ်းပြည်နယ် တောင်ကြီးမြို့ စဝ်စံထွန်း ရပ်ကွက် ဇလဲလမ်း နယ်မြေ (၁၆) ရှိ သောက်သုံး ကျောက်ရေကန်၌ ဧပြီ ၂၁ ရက်နံနက် ၁၁ နာရီက ရေကန်အတွင်းသို့ ထည့်သော ရေပိုက်များ လိုက်လံပြုပြင် ဆောင်ရွက်ခြင်း နှင့် ရေကောင်းရေသန့် ရရှိစေရန် သောက် သုံး ကျောက်ရေကန် အတွင်းရှိ နှုန်းများ၊ အမှိုက်များ ဆယ်ယူခြင်း လုပ်ငန်းကို ရပ်ကွက်သူ၊ ရပ်ကွက်သားများ တက်ညီလက်ညီ စုပေါင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ သောက်သုံး ကျောက်ရေကန်သည် အလျားပေ ၄ဝ၊ အနံပေ ၂ဝ ခန့်ရှိပြီး ရပ်ကွက်သူ၊ ရပ်ကွက်သား များနေ့စဉ် သောက် သုံးရေ အဖြစ် အသုံးပြုနေသော ရေကန် ဖြစ်သည်။ ထိုကျောက်ရေကန် အတွင်းသို့ ရေပေးဝေမှု အချိန် နည်းပါးသောကြောင့် ရေ လုံလောက် မှု မရှိကြောင်း၊ သောက်သုံးရေ ရရှိမှု နည်းပါး သောကြောင့် ရေကား ဝယ်သုံးရကြောင်း၊ ရေကား တစ်စီးလျှင် ငွေကျပ် ၇ဝဝဝ ပေး ရကြောင်း၊ ယခုလို ရေ ရှားပါးသော ပူပြင်း ခြောက်သွေ့ ရာသီအတွက် မီးဘေး အန္တရာယ်ကိုပါ စိုးရိမ်ရကြောင်း ရပ်ကွက်နေ ပြည်သူ များ ထံမှ သိရသည်။
မြ၀တီ

http://bit.ly/17WaggJ

No comments:

Post a Comment