ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့နယ်သို့မြန်မာပြည် အနှံ့အပြားမှ ခရီးသွားပြည်သူများ နှင့် နိုင်ငံခြားသားများပါလာရောက် လေ့လာလျက်ရှိရာ ဧည့်သည်များ နေ့စဉ်မပြတ်စည်ကားနေပြီး တောင်ကြီးမြို့၏သာယာလှပသော ရှုခင်းများနှင့် မြို့၏သန့်ရှင်မှုက လည်း အခြားမြို့များနှင့် စာလျှင် ကောင်းမွန်ကြောင်းပြောဆိုနေကြ သည်။ မောရှမ်းမြေ၏အလှအပ ကို ကြည့်ရှုဖို့ဖန်တီးထားတဲ့ တောင်ကြီးမြို့အဆင်းဗျူးပွိုင့်နေရာ ကတော့ ယိုယွင်းပျက်စီးနေတာကို ပြင်ဆင်မည့်သူမရှိအဆိုပါဗျူးပွိုင့် နေရာသို့အန္တရာယ်ရှိ၍တားမြစ် ထားခြင်းမရှိသောကြောင့် အန္တရာယ်အလွန်ကြီးမားကြောင်း၊ မသိမေ့လျော့ပြီး အဆိုပါဗျူးပွိုင့် စင်ပေါ်တက်လိုက်ပါက သစ်သား များဆွေးမြေ့ခြစားမှုတွေကြောင့် လိမ့်ကျနိုင်ကြောင်း တာဝန်ရှိသူများ မှ ကောင်းမွန်စွာပြုလုပ်ပေးဖို့ အများသူငှာကြည့်ရှုအပန်းဖြေနိုင် ဖို့ထာဝရအစဉ်မြို့၏ဂုဏ်ကျက် သရေကိုမြှင့်တင်ဖို့ခရီးသွားပြည်သူ များပြောကြားလျက်ရှိသည်။
The Hot News Weekly Journal

No comments:
Post a Comment