Pages

Saturday, April 27, 2013

မြောက်ကိုရီးယား နိုင်ငံ၏ ခြိမ်းခြောက်မှု များကို တုံ့ပြန်ရန် အသင့် ပြင်ဆင် ထားကြောင်း မာတင်ဒမ်ဆေး ပြောကြား

ဧပြီ(၂၇)
မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ခြိမ်းခြောက် ရန်စမှုများကို လက်တွေ့ တိုက်ခိုက်မှု အသွင်သို့ ပြောင်းလဲ လာပါက တုံ့ပြန်သွားရန်
အမေရိကန် တပ်ဖွဲ့ဝင် များကို အသင့် ပြင်ဆင်ထားကြောင်း ဧပြီ ၂၅ ရက်က ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာတင်ဒမ်ဆေးက ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံသည် မြောက်ကိုရီးယား နိုင်ငံ၏ ကျူးကျော် ရန်စမှုကို ဟန့် တားရန် ကြိုးပမ်းလျက် ရှိကြောင်းနှင့် အမေရိကန် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံသားများနှင့် ဂျပန် ပြည်သူများ အပါအဝင် နှစ်နိုင်ငံစလုံး၏ အဆောက် အအုံများကို အကာအကွယ် ပေးရေး အတွက် မဟာမိတ် ဂျပန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ အနောက်ဘက် Yokota အမေရိကန် လေတပ် အခြေစိုက် စခန်းတွင် အမေရိကန် တပ်ဖွဲ့ဝင် များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောကြား ခဲ့သည်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကလည်း ဂျပန် နိုင်ငံက ပိုင်ဆိုင်သော အရှေ့ တရုတ်ပင်လယ်ရှိ ဆင်ကာကူ ကျွန်းစုတွင် တရုတ် နိုင်ငံ၏ မည်သည့် တပ်စွဲမှုကို မဆို အင်အား အသုံးပြု၍ မောင်းထုတ် သွားမည် ဖြစ်ကြောင်း ဧပြီ ၂၃ ရက်က ကတိပြု ပြောကြားခဲ့ သည်။

မြ၀တီ

http://bit.ly/YaON1T

Re-Post By ACM 27-4-2013
အေးချမ်းမွန် Credit & Copy From >မြ၀တီ<Thank

No comments:

Post a Comment