Pages

Wednesday, April 10, 2013

သြစီနဲ့ တရုတ်တို့ သမိုင်းဝင်တဲ့ ရင်းနှီးပူးပေါင်းမှုလုပ်ဖို့ သဘောတူ


ဧပြီ(၁၀)

သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် ဂျူလီယာဂေးလဒ်က သူ့ရဲ့ ငါးရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်ကို အဆုံးသတ်လိုက်ပြီး ဒီခရီးစဉ်
အတွင်း တရုတ်နိုင်ငံနဲ့ ပိုမိုပူးပေါင်းမယ့် သမိုင်းဝင် သဘောတူညီမှု ရခဲ့ပါတယ်။ တရုတ်နိုင်ငံကိုရောက်ရှိခဲ့တဲ့ သြစတြေးလျ
ဝန်ကြီးချုပ် ဂျူလီယာဂေးလဒ်ကို တရုတ်အစိုးရကိုယ်စားလှယ် ကြိုဆိုစဉ် (Credit: Reuters) ဗီဒီယို Regular Australia/China talks

သြစတြေးလျနဲ့ တရုတ်နိုင်ငံတို့က မဟာ ဗျူဟာ ကျတဲ့ နှစ်နိုင်ငံပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ဖို့သဘောတူခဲ့ကြပြီးခုလိုသဘောတူမှု
 ရတဲ့နေ့ကိုရှေ့တလမ်း တိုးတဲ့နေ့ အဖြစ် သမိုင်းမှာ မှတ်တမ်းဝင်လိမ့်မယ်လို့ မျော်လင့်ကြောင်း ဝန်ကြီးချုပ် ဂျုလီယာဂေးလဒ်က
 ပြောပါတယ်။

ရှေ့ဆက်ပြီးတော့လည်း နှစ် နိုင် ငံဝန်ကြီးချုပ် တွေ့ဆုံပွဲတွေ နှစ်စဉ်ကျင်းပမှာ ဖြစ်ပြီး နိုင်ငံခြားရေးနဲ့စီးပွားရေးကဏ္ဍနဲ့ပတ်သက်ပြီး
 ဝန်ကြီးအဆင့်ဆိုင်ရာ ဆွေးနွေးမှုတွေလည်း ပုံမှန် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီလို မဟာဗျူဟာကျတဲ့ နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေးဟာ တရုတ်နိုင်ငံအတွက်ရော သြစတြေးလျနိုင်ငံအတွက်ပါ နိုင်ငံအနည်းငယ်
နဲ့သာ ထားရှိတာဖြစ်ပါတယ်။ 

အရင်တုန်းက သြစတြေးလျနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးဟာ ရှုတ်ထွေးမှုတွေ သဘောမတူညီမှုတွေရှိခဲ့ပြီး ခုအခါမှာ ဒါတွေ ဆက်လက်ရှိမှာ ဖြစ်ပေမယ့် တနိုင်ငံနဲ့ တနိုင်ငံထားတဲ့ ဆက်ဆံရေးက ပိုမိုလေးနက်တဲ့ သဘောဆောင်တယ်လို့ ယူဆနိုင်ကြောင်း
 ဘေကျင်းမြို့မှာရောက်နေတဲ့ အေဘီစီသတင်းထောက် Naomi Woodley က သတင်းပေးပို့ထားပါတယ်။


 Myanmar International News
သြစီနဲ့ တရုတ်တို့ သမိုင်းဝင်တဲ့ ရင်းနှီးပူးပေါင်းမှုလုပ်ဖို့ သဘောတူ
Wednesday, 10 April 2013

သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် ဂျူလီယာဂေးလဒ်က သူ့ရဲ့ ငါးရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်ကို အဆုံးသတ်လိုက်ပြီး ဒီခရီးစဉ်အတွင်း တရုတ်နိုင်ငံနဲ့ ပိုမိုပူးပေါင်းမယ့် သမိုင်းဝင် သဘောတူညီမှု ရခဲ့ပါတယ်။ တရုတ်နိုင်ငံကို
 ရောက်ရှိခဲ့တဲ့ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂေးလဒ်ကို တရုတ်
 အစိုးရကိုယ်စားလှယ် ကြိုဆိုစဉ် (Credit: Reuters) ဗီဒီယို Regular 
 Australia/China talks

သြစတြေးလျနဲ့ တရုတ်နိုင်ငံတို့က မဟာ ဗျူဟာ ကျတဲ့ နှစ်နိုင်ငံ ပူးပေါင်း လုပ်ကိုင် ဆောင်ရွက်ဖို့ သဘောတူခဲ့ကြပြီး ခုလို သဘောတူမှု ရတဲ့နေ့ကို
 ရှေ့တလမ်း တိုးတဲ့နေ့ အဖြစ် သမိုင်းမှာ မှတ်တမ်းဝင်လိမ့်မယ်လို့ မျော်
 လင့်ကြောင်း ဝန်ကြီးချုပ် ဂျုလီယာဂေးလဒ်က ပြောပါတယ်။

 ရှေ့ဆက်ပြီးတော့လည်း နှစ် နိုင် ငံ ဝန်ကြီးချုပ် တွေ့ဆုံ ပွဲတွေ နှစ်စဉ် ကျင်းပမှာ ဖြစ်ပြီး နိုင်ငံခြားရေးနဲ့ စီးပွားရေးကဏ္ဍနဲ့ ပတ်သက်ပြီး ဝန်ကြီးအဆင့်ဆိုင်ရာ ဆွေးနွေးမှုတွေလည်း ပုံမှန် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 ဒီလို မဟာဗျူဟာကျတဲ့ နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေးဟာ တရုတ်နိုင်ငံ
 အတွက်ရော သြစတြေးလျနိုင်ငံအတွက်ပါ နိုင်ငံအနည်းငယ်နဲ့သာ ထားရှိတာဖြစ်ပါတယ်။ 

 အရင်တုန်းက သြစတြေးလျနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးဟာ ရှုတ်ထွေးမှုတွေ သဘောမတူညီမှုတွေရှိခဲ့ပြီး ခုအခါမှာ ဒါတွေ ဆက်လက်ရှိမှာ ဖြစ်ပေမယ့် တနိုင်ငံနဲ့ တနိုင်ငံထားတဲ့ ဆက်ဆံရေးက ပိုမိုလေးနက်တဲ့ သဘောဆောင်တယ်လို့ ယူဆနိုင်ကြောင်း ဘေကျင်းမြို့မှာ
 ရောက်နေတဲ့ အေဘီစီသတင်းထောက် Naomi Woodley က သတင်းပေး
 ပို့ထားပါတယ်။

ABC Radio Australia



Re-Post By ACM  10-4-2013
အေးချမ်းမွန် Credit & Copy From > Myanmar International News<< Thank

No comments:

Post a Comment