Pages

Tuesday, April 2, 2013

ချင်းပြည်နယ်တွင်သတ္ထုတူးဖော်ရန်အတွက်စီစဉ်နေ

ဧပြီ(၂)
မြန်မာ့သတ္ထုတွင်းဝန်ကြီးဌာန ၏ အဆိုတစ်ခုအရ တိုင်းပြည် အတွင်းဆင်းရဲနွမ်းပါးသော ပြည်နယ်တစ်ခုဖြစ်သည့်ချင်းပြည် နယ်တွင် အလုပ်အကိုင်တိုးတက် ရန်နှင့် ဆင်းရဲနွမ်းပါးမူလျှော့ချ နိုင်ရေးအတွက် သတ္ထုတွင်းဝန်ကြီး ဌာနက သတ္ထုတူးဖော်ရေးလုပ်ငန်း များလုပ်ကိုင်ရန်အတွက် စီစဉ်လျက် ရှိကြောင်း သိရသည်။

“၀န်ကြီးဌာနက ဥပဒေနဲ့ အညီသတ္ထုတူးဖော်နိုင်ရေးအတွက် စမ်းသက်မူတွေ၊ တိုင်းတာမူတွေ လုပ်နေပါပြီ။ ဒါကချင်းပြည်နယ် တိုးတက်ဖို့အတွက်ပါ”ဟု သတ္ထု တွင်ဝန်ကြီးဒေါက်တာမြင့်အောင် ကဆိုသည်။ ချင်းပြည်နယ်တွင် ထွက်ရှိနိုင်သည့်သတ္ထုများမှာ နီကယ်လ်၊ ခရိုဗိုက်၊ ကျောက်မီး သွေးနှင့် ကြေးနီတို့ဖြစ်ပြီး ချင်း ပြည်နယ်၏ဒေသအချို့တို့တွင် တွင်းတိမ်ရေနံတွင်းများရှိသည်ဟု သိရသည်။

ဂူမိဗေဒပညာရှင်တစ် ဦးဖြစ်သူဦးစိုးသိန်းကမူ “ဒေသတွင်း ရေနံတွင်းတွေက ဒေသခံတွေနဲ့ လုပ်ကိုင်နိုင်ပါက စီးပွားဖွံ့ဖြိုးတိုး တက်ဖို့ရာရှိနေပါတယ်။ ဒါပေမဲ့ ပြည်တွင်းသတ္ထုတွင်းလုပ်ငန်းတွေ ကို လုပ်တော့မယ်ဆိုရင်သြစတေး လျှကိုနမူနာယူဖို့ကောင်းပါတယ်” ဟုဆိုသည်။

hotnewsweekly
Myanmar Online News

No comments:

Post a Comment