Pages

Thursday, April 11, 2013

တူနှင့်ထုတောင် မကွဲနိုင်သော အိုင်ဖုန်း စခရင်ကာဗာ


ဧပြီ(၁၁)



တူနဲ့ထုတောင် မကွဲဘူးဆိုတော့ ရည်ရွယ်ချက်ကြီးနဲ့တော့ သွားမထုလိုက် ပါနဲ့။ သူက ကြော်ငြာဆိုတော့ နည်းနည်းလေး ပိုပြောလိုက်ရမှ စွဲဆောင်မှု ရှိတယ်လို့ ထင်ပုံရပါတယ်။

သို့ပေမယ့် တကယ်လည်း အကြမ်းခံပါတယ်။ အာမခံလည်း ပေးထား ပါတယ်။ နာနိုနည်းပညာနဲ့ ပြုလုပ်ဖန်တီးထားတဲ့ ယင်း Screen Shield (မျက်နှာပြင် ကာဗာ) ကို Rhino လို့အမည်ပေးထားပါတယ်။ အသုံးပြုတဲ့ သတ္တုက ဘာလဲ ဆိုတောင် ရှင်းရှင်းမပြောထားပါဘူး။ Touch Sense လည်းပုံမှန်အတိုင်း ရှိစေပြီး Crystal Clear မျက်နှာပြင်ကြောင့် မူလရုပ်ထွက်လည်း မပြောင်းလဲ စေဘူးလို့ ဆိုပါတယ်။

သွားရင်းလာရင်း အိုင်ဖုန်းပြုတ်ကျသွားရင်တောင် ဘယ်လိုမှ ဖန်သားပြင် ကွဲစရာ အကြောင်းမရှိဘူးလို့ဆိုပါတယ်။ နမော်နမဲ့နိုင်သူများအတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်။ ဝိတ်လည်းမလေးပါဘူး။ အလွှာပါးပါးလေးသာ
ဖြစ်ပြီး သူ့ကိုတပ်ဆင်ထားမှုက အခြားသိသိသာသာ ပြောင်းလဲစေမှု မဖြစ်နိုင်ပါဘူး။

Rhino Screen Shield ကို လိုချင်ရင်တော့ နီးစပ်ရာဖုန်းဆိုင်တွေကနေ
အော်ဒါမှာကြည့်လို့ ရမယ်ထင်ပါတယ်။

engadgets

No comments:

Post a Comment