Pages

Tuesday, April 2, 2013

ရေကျော် ဗလီ မီးလောင်မှု့ အဓိက တာဝန်ရှိသူနှစ်ဦးမှာ ဗလီအတွင်း၌ ဗလီဆရာ နှစ်ဦး ဖြစ်ဟု ရန်ကုန် ၀န်ကြီးချုပ်ပြော

ဧပြီ(၂)

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း ရေကျော်ဗလီ မီးလောင်မှုနှင့် စပ်ဆက်ပြီး ထွက်ပေါ်နေသည့် ကောလာဟလများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဧပြီလ ၂ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ရှင်းလင်းပွဲတွင် မီးလောင် ကျွမ်းမှုသည် ပြင်ပတွင် ကောလာ ဟလများ ထွက်ပေါ် နေသကဲ့သို့ တစ်စုံ တစ်ယောက်မှ မီးရှို့ခဲ့ခြင်း မဟုတ်ဘဲ ဗလီအတွင်းရှိ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ခြင်းသာ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

မီးလောင်မှု ဖြစ်ပွားနေစဉ် အချိန်တွင် ရေကျော် ဗလီအတွင်း၌ ဗလီဆရာ နှစ်ဦး ရှိနေကြောင်း၊ ထို့ကြောင့် အဓိက တာဝန်ရှိသူမှာ ထိုနှစ်ဦးသာ ဖြစ်ကြောင်း၊ တာဝန်ရှိသူများက စစ်ဆေးရာတွင် ပြင်ပ တစ်စုံတစ်ယောက်မှ ဝင်ရောက်မီးရှို့ခြင်း မရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းထောက်များအား ပြောကြားခဲ့သည်။
Myanmar Online News
 

No comments:

Post a Comment