Pages

Tuesday, April 2, 2013

တာချီလိတ်လူငယ်များအဖွဲ့ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းသို့ ပုံနိပ် စာအုပ်များလှု

ဧပြီ(၂)


တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရုံးနဘေးရှိ ၀မ်ကောင်းရပ်ကွက်အပိုင် သာရေး နာရေး ဓမ္မာရုံမှာ နွေရာသီအတွင်း အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းသင်ကြားရာသို့ မဇ္ဈိမ လူမှုကူညီရေးအသင်းမှ "အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ခန်းစာ"စာအုပ် အုပ်(၃၀၀)သွားရောက် လှူဒါန်းခဲ့ပါသည်။

တကယ်တော့ စာအုပ်များကို တာချီလိတ်လူငယ်များအဖွဲ့ ( http://youth.tachileik.net/ )က ရန်ကုန်မှ စီစဉ်မှာယူတာဖြစ်ပြီး စာအုပ်၏ ကုန်ကျငွေများကိုလည်း တာချီလိတ်လူငယ်များအဖွဲ့က အကုန်ကျခံတာဖြစ်ပါသည်။ စာအုပ်၏ နောက်ဖက်တွင် မဇ္ဈိမ လူမှုကူညီရေးအသင်း၏ အမှတ်တံဆိပ် နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း၏ အင်တာနက်လိပ်စာများကို ရေးထည့်ထားပါသည်။ တာချီလိတ်လူငယ်များအဖွဲ့ရှိ အဖွဲ့ဝင်များသည် အဝေးရောက်နေခြင်း၊ ထိုင်းနိုင်ငံဘက်ရှိ ဟိုတယ်များမှာ အလုပ်ဝင်ရောက် လုပ်ကိုင်နေကြခြင်းကြောင့် အဖွဲ့၏ လုပ်ဆောင်ချက်များကို ရပ်နားထားရတာကြောင့် ယခုလို ၎င်းတို့ အဖွဲ့အမည်အစား မဇ္ဈိမ လူမှုကူညီရေးအသင်း၏ အမည်ကို ယူကာ စာအုပ်၏ နောက်ကျောဖက်မှာ ထည့်သွင်းထားခြင်းဖြစ်ပါသည်။

ယခု စာအုပ်သွားရောက်လှူရာမှာ တာချီလိတ်လူငယ်များအဖွဲ့မှ အဖွဲ့ဝင်တစ်ချို့ ပါဝင်ပါသည်။ စာအုပ်များနှင့်အတူ မဇ္ဈိမ လူမှုကူညီရေးအသင်းမှလည်း အဆိုပါ သင်တန်းတွင်ရှိသော ကလေးအယောက်(၁၈၀)ဦးရေအတွက် စားစရာ မုန့်များကိုလည်း ပေးလှူခဲ့ကြပါသည်။
 
 မဇ္ဈိမလူမှုကူညီရေးအသင်း - တာချီလိတ်မြို့
 

No comments:

Post a Comment