ဧပြီ(၂၂)

ငွေကျပ် ၁၅၀၀တန်ဖုန်းဆင်းကဒ်တွေကို ၇န်ကုန်မြို့ ရပ်ကွက် ရုံး တော် တော် များများမှာ ဧပြီ ၂၁ ရက်နေ့က မဲနှိုက်ကြရပါတယ်။
ဒီနေ့ ဖုန်းကဒ်မဲပေါက်တဲ့သူတွေဟာ ဧပြီလ ၂၄ရက်မှာ သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ ဆက်သွယ် ရေးရုံးတွေမှာ ငွေသွင်းပြီး သွားထုတ်ကြရမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်း ၁၅၀၀တန်ဖုန်းဆင်းကဒ် ၁သိန်း၂သောင်းလောက် မဲနှိုက်ပြီး ဖြန့်ချီရောင်းချပေးမှာ ဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောပါတယ်။
ဧပြီလ ၂၄ရက်မှာ ရောင်းချပေးမယ့် ၁၅၀၀တန် ဆင်းကဒ်တွေဟာ MECTel အမှတ်တံဆိပ်ပါ ငွေဖြည့် ကဒ်တွေနဲ့ တယ်လီဖုန်းဆက်သွယ် ပြောဆိုခငွေ ဖြည့်မှ ဆက်သွယ်ပြောဆိုနိုင်မှာဖြစ်တဲ့အကြောင်း မြန် မာ့ဆက်သွယ်ရေးက ဧပြီလ ၂၀ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ အနီးအနားက ကွမ်းယာဆိုင်၊စတိုးဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရနိုင်တဲ့ MPT ငွေဖြည့် ကဒ်တွေ အစား၊ သတ်မှတ်ထားတဲ့ဆိုင်တွေမှာပဲ သွားဝယ်ရမယ့် MEC ငွေဖြည့်ကဒ် ၀ယ်ဖြည့်မှ ဖုန်း သုံးလို့ ရမှာဖြစ်ပြီး၊ဖုန်းပြောသမျှငွေကိုလဲ MEC ကပဲ ရမယ့်သဘောဖြစ်ပါတယ်။
MEC ဆိုတာ မြ၀တီထရေးဒင်းလက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဖြစ်ပါတယ်။
DVB
No comments:
Post a Comment