Pages

Wednesday, April 24, 2013

အောင်ပန်းနှင့် ဟဲဟိုးအကြားတွင် စိုင်းဗိုလ်ဟိန်း ဆိုင်းအဖွဲ့စီးနင်းလာသော ကားတိမ်းမှောက်



ဧပြီ ( ၂၄ )
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် ဟဲဟိုးမြို့အကြားတွင် ၂၀၁၃ ခု ဧပြီလ (၂၀) ရက်နေ့ ညပိုင်း တွင် ဆိုင်းအဖွဲ့သားများ တင်ဆောင်လာသည့် ဒိုင်နာကားတစ်စီး ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက် မှုကြောင့် သေဆုံး ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်အား ယာဉ်မောင်း ဦးတင်ထွန်း (တောင်ကြီးမြို့နေသူ) မောင်းနှင်လာခဲ့ပြီး စိုင်းဗိုလ်ဟိန်း ဆိုင်းအဖွဲ့ သားများတင်ဆောင်ကာ ကျောက်ဆယ်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာစဉ် အောင်ပန်းနှင့် ဟဲဟိုးအကြား သီခေါင်တောင် အဆင်းတွင် ကားဘီးပေါက်၍ လမ်းဘယ်ဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ပြီး တစ်ဦးသေဆုံးကာ (၁၆) ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သည့် လူနာများအား အောင်ပန်းမှ မြတ်စေတနာ နာရေး ကူညီမှု အသင်း မော်တော်ယာဉ်များဖြင့် တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အမျိုးသား တစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ဆေးရုံဝန်ထမ်းများထံမှ သိရသည်။ ယာဉ်တိမ်းမှောက်မှုတွင် ယာဉ်မဆင် မခြင်မောင်းနှင်သူ ဦးတင်ထွန်းအား ဟဲဟိုးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရပါ သည်။


No comments:

Post a Comment