ဧပြီ(၂၉)
ကိုးရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေဆက်ဖြစ်နေချိန်မှာပဲ မြောက်ကိုရီးယားက ကြီးမားတဲ့စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဖို့ စတင်ပြင်ဆင်နေပြီးဖြစ်ပါတယ်။တောင်ကိုးရီးယားအစိုးရ သတင်းမီဒီယာမှာ ပြောတာကတော့ စစ်ရေးလေ့ကျင့်မှုမှာ တကယ့်လက်နက်စစ်တွေအပါဝင် လက်နက်ကြီးတပ်တွေနဲ့ တိုက် လေယာဉ် တွေပါ ပူးပေါင်းလုပ်ဆောင်ကြမှာဖြစ်ပါတ ယ်။
စစ်ရေးလေ့ကျင့်မှုကိုတော့ မြောက်ကိုးရီးယားအနောက်ဖက်ခြမ်း က နာမ်ဖို ဆိပ်ကမ်းမှာ ပြုလုပ်မှာဖြစ်
ပါတယ်။မြောက်ကိုးရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုအတွင်းမှာ လက်နက်ဒုံကျဉ် စမ်းသပ်ပစ်ခတ်မှုတွေ များလာမှာကို တောင်ကိုးရီးယားဖက်က စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံတင်းကျလိုက်တဲ့ နောက်ပိုင်းမှာပဲ မြောက် ကိုးရီးယားက ဒုံးကျဉ်ပစ်ခတ်မှုတွေနဲ့ နျူးကလီးယား စစ်ပွဲတွေဆင်နွဲမယ်လို့ ခြိမ်းခြောက်ပြောဆို ခဲ့ပါတယ်။ ဖေဖော်ဝါရီလတုန်းကလည်း မြောက်ကိုးရီးယားက တတိယဒုံးကျဉ်ပစ်လွတ် စမ်းသပ်မှု လုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေကလည်း တောင်ကိုးရီးယားနဲ့ အမေရိကန်တို့ကမြောက်ကိုးရီးယားရဲ့ နျူးကလီးယား စစ်ပွဲဆင်နွဲဖို့ ခြိမ်းခြောက်မှုတွေကြောင့် သတိအနေအထားမှာရှိနေခဲ့ရပါတယ်။
ABC Radio Australia

No comments:
Post a Comment