Pages

Tuesday, April 23, 2013

လန်ဒန် မာရသွန်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

ဧပြီ(၂၃)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဧပြီလ(၂၂)ရက်နေ့က လန်ဒန် မာရသွန်ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

အမေရိကန် နိုင်ငံ ၊ ဘော်စတွန်တွင် ကျင်းပခဲ့သည့် ဘော်စတွန် မာရသွန်ပြိုင်ပွဲတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အတွက် စိုးရိမ်မှုများ ရှိနေခဲ့သော်လည်း လူပေါင်း သုံးသောင်း လေးထောင်နီးပါး ပါဝင် \ဆင်နွဲခဲ့ကြသည်။

မာရသွန် ပြေးပွဲမစခင် ဘော်စတွန် မာရသွန်ပွဲ ဗုံးပေါက်ကွဲမှုမှာ သေဆုံး ထိခိုက်သူများ အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် စက္ကန့် ၃၀ ငြိမ်သက် ဂုဏ်ပြုခဲ့ကြသည်။ Gereenwich မှ တာထွက်ပြီး လန်ဒန်မြို့၏ အထင်ကရ နေရာများ ဖြစ်သည့် Tower Bridge တံတား ၊ ပါလီမန် အဆောက်အဦးများကို ဖြတ်ကာ Buckingham နန်းတော်ရှေ့ ပန်းတိုင်အထိ မိုင်ပေါင်း ၂၆ မိုင်ရှည်သည့် ပြေးလမ်း တလျှောက်တွင် လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားခဲ့သည်။ အဆိုပါ မာရသွန် ပြိုင်ပွဲတွင် ကင်ညာနိုင်ငံမှ အမျိုးသမီး Priscah Jeptoo က အမျိုးသမီး ပွဲအတွက် ရွှေတံဆိပ်ဆု ရရှိခဲ့ပြီး အမျိုးသား ပွဲစဉ်တွင် Ethiopian နိုင်ငံသား Tsegaye Kebede က ရွှေတံဆိပ်ဆု ရခဲ့သည်။ ဆုရရှိသူများအား တော်ဝင်မင်းသား Harry မှ ဆုချီးမြှင့်ခဲ့သည်။
Myanmar International News
လန်ဒန် မာရသွန်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
Tuesday, April 23, 2013

 ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဧပြီလ(၂၂)ရက်နေ့က လန်ဒန် မာရသွန်ပြိုင်ပွဲ
ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

အမေရိကန် နိုင်ငံ ၊ ဘော်စတွန်တွင် ကျင်းပခဲ့သည့် ဘော်စတွန် မာရသွန်
 ပြိုင်ပွဲတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အတွက် စိုးရိမ်မှုများ ရှိနေခဲ့သော်
လည်း လူပေါင်း သုံးသောင်း လေးထောင်နီးပါး ပါဝင် \ဆင်နွဲခဲ့ကြသည်။
 
မာရသွန် ပြေးပွဲမစခင် ဘော်စတွန် မာရသွန်ပွဲ ဗုံးပေါက်ကွဲမှုမှာ သေဆုံး ထိခိုက်သူများ အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် စက္ကန့် ၃၀ ငြိမ်သက် ဂုဏ်ပြုခဲ့ကြသည်။ Gereenwich မှ တာထွက်ပြီး လန်ဒန်မြို့၏ အထင်ကရ နေရာများ ဖြစ်သည့် Tower Bridge တံတား ၊ ပါလီမန် အဆောက်အဦးများကို ဖြတ်ကာ Buckingham နန်းတော်ရှေ့ ပန်းတိုင်အထိ မိုင်ပေါင်း ၂၆ မိုင်ရှည်သည့် ပြေးလမ်း တလျှောက်တွင် လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားခဲ့သည်။ အဆိုပါ မာရသွန် ပြိုင်ပွဲတွင် ကင်ညာနိုင်ငံမှ အမျိုးသမီး Priscah Jeptoo က အမျိုးသမီး ပွဲအတွက် ရွှေတံဆိပ်ဆု ရရှိခဲ့ပြီး အမျိုးသား ပွဲစဉ်တွင် Ethiopian နိုင်ငံသား Tsegaye Kebede က ရွှေတံဆိပ်ဆု ရခဲ့သည်။ ဆုရရှိသူများအား တော်ဝင်မင်းသား Harry မှ ဆုချီးမြှင့်ခဲ့သည်။
 
BBC

No comments:

Post a Comment