Pages

Friday, April 26, 2013

မျိုးသုဉ်း ပျောက်ကွယ်သွားပြီ ဖြစ်သည့် ကြက်ဆင်ကြီး တစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကြွင်း ဥအား စတာ လင်ပေါင် ၆၆၆၇၅ ဖြင့် လေလံတင် ရောင်းချ

ဧပြီ(၂၆)

မျိုးသုဉ်း ပျောက်ကွယ်သွားပြီ ဖြစ်သည့် ကြက်ဆင်ကြီး တစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကြွင်း ဥအား စတာ လင်ပေါင် ၆၆၆၇၅ ဖြင့် လေလံတင် ရောင်းချ

မျိုးသုဉ်း ပျောက်ကွယ်သွားပြီ ဖြစ်သော မဒါဂတ်စကား နိုင်ငံမှ ကြက်ဆင်ကြီး တစ်ကောင်၏ တစ်ပိုင်း တစ်စ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေသည့် ဥကြီးတစ်လုံးအား လန်ဒန်မြို့တွင် လေလံတင် ရောင်းချခဲ့ရာ စတာလင် ပေါင် ၆၆၆၇၅ ဖြင့် ရောင်းချ နိုင်ခဲ့သဖြင့် ခန့်မှန်း ထားသည်ထက် ဈေး ပိုမို ရရှိခဲ့ကြောင်း သိရသည်။
 ကိုးလက်မ အရွယ်အစား ရှိသော အဆိုပါ ဥကြီး၏ လေလံတင် ရောင်းချရသည့် လေလံတင် ဈေးမှာ စတာ လင်ပေါင် ၆၆၆၇၅ ရှိကြောင်း Christie လေလံ ကုမ္ပဏီက ပြောကြားသည်။
ယခင်က ၎င်းကြက်ဆင်ဥ၏ လေလံတင်ဈေးကို စတာလင်ပေါင် ၂ဝဝဝဝ မှ စတာလင်ပေါင် ၃ဝဝဝဝ ဖြင့် ရောင်း ချနိုင်မည်ဟု မျှော်မှန်း ထားသော်လည်း အမည်မသိ လူတစ်ဦးက အရှည်တစ်ပေ အချင်းကိုးလက်မ အရွယ်အစား နီးပါးရှိ အဆိုပါ ဥကြီးအား ဖုန်းဆက်၍ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကြက်ဆင် မျိုးများသည် လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာ ကတည်းက မျိုးသုဉ်းပျောက်ကွယ် သွားသော် လည်း ၎င်းဥမှာ ပကတိအတိုင်း ရှိနေဆဲ ဖြစ်သည်။ သို့သော် အဆိုပါ ဥကြီးမှ မျိုးပွားနိုင်တော့မည် မဟုတ်ပေ။
အရွယ်အစား ကြီးမားသည့် အဆိုပါ ကြက်ဆင် ဥကြီးအား မဒါဂက်စကား နိုင်ငံ ကျွန်းတစ်ကျွန်းတွင် တွေ့ရှိ ခဲ့ခြင်းဖြစ် ပြီး ၁၇ ရာစု မတိုင်မီက ဥခဲ့သော ဥ ဖြစ်နိုင်ဖွယ် ရှိကြောင်း ကျွမ်းကျင်သူ များက ယူဆထားသည်။
ကြက်ဆင်များသည် ငှက်ကုလားအုတ်များနှင့် ဆင်တူပြီး ၁၁ ပေ အရွယ်အစား အထိ ကြီးထွား နိုင်သည်ဟု သိရ သည်။ ကြက်ဆင်၏ ဥသည် သာမန် ဥများထက် အဆ ၁ဝဝ ပို၍ ကြီးသည်ဟု သိရသည်။
 
မြ၀တီ

No comments:

Post a Comment