Pages

Monday, April 29, 2013

ဘတ်ဂျက်လိုငွေ ကိစ္စ သြစီဝန်ကြီးချုပ် ရှင်းပြမယ်


ဧပြီ(၂၉) 
သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် ဂျူလီယာဂေးလဒ်က နိုင်ငံတော် ဘတ်ဂျက်ငွေအနှုတ်လက္ခဏာ ဆောင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့မှာ ရှင်းလင်းပြောကြားဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ အစိုးရက ဘတ်ဂျက်ငွေ ပိုလျှံမှု သန်း တစ်ထောင်ကျော် ရှိအောင်လုပ်မယ်လို့ ပြောဆိုခဲ့ပေမယ့် ခုအခါမှာ ပိုလျှံငွေထွက်မလာပဲ ဒေါ်လာ ၁၂ ဘီလီယံ လိုငွေ ပြသနေတဲ့အတွက် ဒီကိစ္စကို ရှင်းလင်းပြောဆိုမှာ ဖြစ်ပါတယ်။


ဒီကနေ့ပြောမယ့် မိန့်ခွန်းအတွင်း သြစတြေးလျနိုင်ငံ ဘတ်ဂျက်မှာ လိုငွေပြရတာဟာ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုရဲ့ ဂရက်ရိုက်ခတ်မှုနဲ့ သြစတြေးလျ ဒေါ်လာ ဈေးနှုန်း မြင့်မားလွန်းတဲ့ အတွက် ပြည်ပက ဝယ်ယူ အား ကျဆင်းပြီးနောက် နိုင်ငံတော်ရဲ့ဝင်ငွေကျဆင်းရတာဖြစ်တယ်လို့ ရှင်းပြဖို့ အလားအလာရှိနေပါတယ်။
 


သြစတြေးလျ နိုင်ငံတော်ရဲ့ ဘတ်ဂျက်မှာ လိုငွေပြသနေပေမယ့် စာသင်ကျောင်းတွေကို ရံပုံငွေထပ်ပေးဖို့ ကုန်ကျမယ့် ဒေါ်လာ သန်း ၆ ထောင် နဲ့ မသန်မစွမ်းသူတွေကို ကူညီဖို့အတွက် သန်းထောင်ပေါင်း၁၄ သန်း ကုန်ကျမယ့် စီမံကိန်းကိုတော့ ဆက်လက်အကောင်အထည်ဖော်မယ်လို့ ပြောပါတယ်။
 

ဒီစီမံကိန်းတွေဟာ သြစတြေးလျနိုင်ငံရဲ့ ဘတ်ဂျက်ကို ထိခိုက်မှာဖြစ်ပေမယ့် ဒါဟာ သြစတြေးလျနိုင်ငံ ပိုမိုခိုင်မာဖို့နဲ့ ဥာဏ်စွမ်းရည် ပိုမြင့်ဖို့အတွက် ရင်းနှီးမြုပ်နှံမှု တစ်ခုလိုဖြစ်ပြီး ဒီလိုမှ ကုန်ကျမခံရင် အနာဂတ်အတွက် စိုးရိမ်စရာဖြစ်တယ်လို့ ပြောပါတယ်။


အတိုက်အခံ ပါတီကတော့ သြစတြေးလျအစိုးရက နိုင်ငံတော်ဝင်ငွေနည်းပါးလို့ ဘတ်ဂျက်ငွေ အနှုတ် လက္ခဏာဆောင်တယ်လို့ ပြောတာကို ပယ်ချလိုက်ပြီး အစိုးရရဲ့ အသုံးစရိတ်များလွန်းတဲ့အတွက် ဘတ်ဂျက် လိုငွေပြသနေတာလို့ ပြောလိုက်ပါတယ်။
 

ABC Radio Australia

No comments:

Post a Comment