Pages

Tuesday, April 2, 2013

ငွေထုတ်စက်အသုံးပြုက သတိပြုရန်

ဧပြီ(၂)
မြန်မာပြည်မှာ မဖြစ်သေးပါဘူး။ သို့ပေမယ့် အိန္ဒိယနဲ့ တရုတ်တွေမှာတော့ ပုံမှာ ပြထားတဲ့ နည်းလမ်းကို အသုံးပြုပြီး လျှို့ ဝှက်ကုဒ်နံပါတ် ရယူမှုများ ပြုလုပ်တယ်လို့ သိရပါတယ်။

တကယ့် Pin ကုဒ် ရိုက်စရာ Key pad အပေါ်မှာ နောက်ထပ် key pad အတုတစ်ခု ထပ်ခံထားပြီး ကိုယ်ရိုက်သမျှ လျှို့ ဝှက်နံပါတ်များကို မှတ်သား သွားပါတယ်။ ဒါဆို နံပါတ်က သိသွားပါပြီ။ ATM/MPU ကဒ် မရှိပဲတော့ Pin code သိရုံနဲ့ ငွေထုတ်လို့ မရတာလည်း အမှန်ပါပဲ။

သို့ပေမယ့် အမည်တူ၊ လျှို့ ဝှက်ကုဒ်နံပါတ် အတူထားတတ်တဲ့ သူများအတွက်ကတော့ ATM မဟုတ်တဲ့ အခြားဘဏ်အကောင့်မှ ငွေများ အလွယ်တကူ ခိုးလို့ရတဲ့ အနေအထားတစ်ခု ဖြစ်သွားပါတယ်။

မတော်လို့ ATM/MPU ကဒ်လည်း ခါးပိုက်ပါအနှိုက်ခံရ၊ အခိုးခံရင်တော့ အခိုးခံရဖို့ ပိုလွယ်ကူသွားပါတယ်။ ဒီတော့ ငွေအမြောက်အများ ထည့်ထားသူများအတွက် ဘယ်လိုပဲ ဖြစ်ဖြစ် ဆင်ခြင်လေ့လာနိုင်ရင် အကောင်းဆုံးပါပဲ။

မြန်မာပြည်မှာ ဒီလိုရာဇဝတ်မှု ဖြစ်မလာနိုင်သေးပါဘူး။ မြန်မာပြည်က စက်အတော်များများမှာက လုံခြုံရေးများ စောင့်ပါတယ်။ သို့သော် သိထား၊ သတိရှိထားတာ အကောင်းဆုံးမို့ မျှဝေပေးလိုက် ရပါတယ်။

ငွေထုတ်စက်အသုံးပြုက သတိပြုရန်
Tuesday, 02 April 2013

Ref: techblog
Aung Kham (TSJ team)
Myanmar Online News

No comments:

Post a Comment