Pages

Saturday, April 13, 2013

နေပြည်တော်၌ ရခိုင်တိုင်းရင်းသားရိုးရာ နံ့သာသွေးပွဲကျင်းပ


ဧပြီ(၁၃)
 
 Photo
၂၀၁၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဗိရပ်ကွက် အေးမြရွှေပြည် ဘုန်းကြီးကျောင်းတွင် ရခိုင်တိုင်းရင်းသား ရိုးရာနံသာသွေးပွဲအား ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


"ဒီမှာ ပထမဆုံးအကြိမ်ပြုလုပ်တာပါ။ဒီလို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ နေပြည်တော်မှာရှိတဲ့ ရခိုင်မိသားစုတွေ ရပ်ဝေးကို ရောက်နေပေမယ့် ရောက်တဲ့နေရာမှာ စုစုစည်းစည်းလေးနဲ့ အစဉ်လာမပျက် ထိန်းသိမ်း စောင့်ရှောက်တဲ့အနေနဲ့ လုပ်တာပါ'' ဟု နေပြည်တော် ရခိုင်တိုင်းရင်းသားများအသင်းမှ ဦးသန်းညွန့်က ပြောကြားခဲ့သည်။
ရခိုင်ရိုးရာအရ နှစ်ဟောင်းမှ နှစ်သစ်ကူးသော သင်္ကြန်အချိန်အခါတွင် စေတီ၊ဘုရားများအား ရေသန့်စင်ပြီးမှ ရေကစားကြကြောင်းလည်း သိရသည်။


''ဒီနေ့သွေးထားတဲ့ နံ့သာတွေကို မနက်ဖြန် (ဧပြီလ ၁၃ )ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဗိရပ်ကွက် သဇင်ဆောင်ရှေ့ရှိ ဓာတ်ပေါင်းစုစေတီတွင် ရေသပ္ပါယ်မှာ ဖြစ်ပါတယ်'' ဟု ဦးသန်းညွန့်က ဆက်လက် ပြောကြားခဲ့သည်။
eleven

No comments:

Post a Comment