Pages

Thursday, April 18, 2013

တောင်ကြီးမြို့နဲ့ နှစ်ဆန်းတရက်နေ့




တောင်ကြီးမြို့သည် ယနေ့ ကျရောက်သည့် မြန်မာ နှစ်ဆန်း တရက်နေ့တွင် ကုသိုလ်ကောင်းမှုပြုသူများ၊ ဘုရားသွားကျောင်းတက်သူများဖြင့် စည်ကားလျက်ရှိသည်။
တောင်ပေါ်ရှိ ဘုန်းကြီးကျောင်းများဖြစ်သည့် အောင်မင်္ဂလာ၊ မြစိမ်းတောင်၊ ရွှေမုဋ္ဌောတို့တွင် အထူး စည်ကားနေပြီး  ရွှေဘုန်းပွင့်ဘုရားနှင့် ပတ္တမြားဂူ သွားရာလမ်းတွင် ယာဉ်ကြောများ ပိတ်သည်အထိ ဘုန်းကြီးကျောင်းတက်သူများဖြင့် ပြည့်နှက်လျက်ရှိသည်။

  ယာဉ်ထိန်းရဲ အကူအညီ အယောက် ၂၀ ခန့်ဖြင့် လမ်းရှင်းပေးရသည်ကို တွေ့ရသည်။


နှစ်သစ်ကူးကာလတွင် ကမ္ဘောဇဘဏ် မိသားစုက      ရွှေဘုန်းပွင့်တောင်ပေါ်တွင်  စတုဒီသာများ၊ အချိုပွဲများ၊ ထမင်းဟင်းများ နှစ်ဆန်းတစ်ရက်နေ့ထိ   ကုသိုလ်ပြု နေကြောင်း သိရှိရသည်။

  သင်္ကြန်အကြို၊ အကျ၊ အကြတ်၊ အတက်နေ့များတွင်လည်း ဘုန်းကြီးကျောင်း တက်ကြကြောင်း၊ သို့သော်လည်း ရေပတ်သူများသည့်တွက် နှစ်ဆန်းတရက်နေ့တွင် ဘုန်းကြီးကျောင်း တက်သူ ပိုမိုများပြားကြောင်း သိရသည်။

    ညနေပိုင်းတွင် တောင်ကြီးမြို့ ရပ်ကွက်များမှ သက်ကြီး ဘိုးဘွားများကို မြို့တော်ခန်းမတွင် ကန်တော့ကြခြင်း၊ မြကန်သာပန်းခြံရှိ ညောင်ရွှေရေကန်တွင် ငါးသက်စေ့လွတ်ခြင်း စသည့် အစီအစဉ်များလည်း ရှိသည်။

                ခမ်းမြတ်(ရှမ်းပြည်)















ဧရာဝတီ

No comments:

Post a Comment