Pages

Tuesday, April 9, 2013

နမ့်ခမ်းမြို့နယ်တွင် ပန်းဆေးပြည်သူ့စစ်စခန်းအား လက်နက်ကိုင်ပူးပေါင်းအဖွဲု့မှ ၀င်ရောက်တိုက်ခိုက်မှု ကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြ

ဧပြီ(၉)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် အစိုးရလက်အောက်ခံ ပန်းဆေးပြည်သူ့စစ်စခန်းအား ဧပြီ(၈)ရက်နေ့ နံနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ၀င်ရောက်တိုက်ခဲ့သည်ဟု ဒေသခံများ ၏ ပြောပြ ချက်အရ သိရသည်။

“မနက်လေးနာရီလောက်က သေနတ်သံတွေကြားတော့ တစ်ရွာလုံးလန့်နိုးကုန်တာပေါ့။ ဒီတာပန် ကုန်း၊ ရှောင်းပန်ကုန်းကျေးရွာနားက ပြည်သူ့စစ်စခန်းကို ၀င်တိုက်တာ၊ ပြည်သူ့စစ်တစ်ဦးသေဆုံးပြီး တဲတွေလည်း ပျက်စီးသွားတယ်” ဟု တာပန်ကုန်းရွာသားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ 

၎င်းပြည်သူ့စစ်စခန်းသို့ လာရောက်တိုက်ခိုက်သော လက်နက်ကိုင်အဖွဲ့မှာ KIA နဲ့တွဲဖက် လှုပ်ရှားလေ့ ရှိသော ပလောင်နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသော TNLA နဲ့ SSA (ယွက်စစ်) အဖွဲ့များ ပါဝင်သော ပူးပေါင်း အဖွဲ့ဖြစ်ကြသည်ဟု ပြည်သူ့စစ်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် နမ့်ခမ်း မြို့နယ် မဲဆန္ဒနယ်က ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ကြောင်း သိရသည်။ အစိုးရလက် အောက်ခံ ပြည်သူ့စစ်စခန်းအား လက်နက်ကိုင်အဖွဲ့များမှ တရားဥပဒေမဲ့ လာရောက်တိုက် ခိုက်ပြီးနောက်ပိုင်း တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာမှာကို ဒေသခံများက စိုးရိမ်ထိတ်လန့် နေကြ သည်ဟု သိရှိရပါသည်။

စော်ဘွားလေး

No comments:

Post a Comment