Pages

Tuesday, April 2, 2013

မီးပွိုင့်ပျက်လျှင် ပြင်မည့်အဖွဲ့သုံးဖွဲ့ ဖွဲ့စည်းထား

ဧပြီ(၂)
ရန်ကုန်မြို့တွင်း အသုံးပြုနေသော မီးပွိုင့်များပျက်လျှင် ချက်ချင်းပြင်ရန် အဖွဲ့သုံးဖွဲ့ ဖွဲ့စည်းထားကြောင်း ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသွားသည်။

ရန်ကုန်မြို့တွင်း မီးပွိုင့်များ တစ်မျိုးတစ်စားတည်း ဖြစ်စေရေးနှင့် မီးပွိုင့်များပျက်လျှင် ချက်ချင်းပြင်ဆင်ရန်အဖွဲ့ ဖွဲ့စည်းထားခြင်း ရှိ၊ မရှိ သိလိုကြောင်း မေးခွန်းအား ဖြေကြားရာတွင် မြို့တော်ဝန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ မီးပွိုင့်များပျက်လျှင် ပြင်ဆင်နိုင်ဖို့အတွက် အဖွဲ့သုံးဖွဲ့နဲ့ စစ်ဆေးပြုပြင်နေတဲ့အပြင် အသုံးပြုနေစဉ် ပျက်စီးမှုရှိလျှင် အချိန်နဲ့တစ်ပြေးညီ ပြင်ဆင်ပေးပါတယ်"ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တွင် မီးပွိုင့် ၁၅၁ ပွိုင့် ရှိသည့်အနက် Count Down တပ်ဆင်ထားသော ဒီဂျစ်တယ်မီးပွိုင့် ၃၅၀ ခုရှိသည်။
7Day News Journal
 

No comments:

Post a Comment