Pages

Friday, April 26, 2013

တန်ဖိုးနည်းဖုန်း ရောင်းချမှု ခြောက်လခန့် ဆက်တိုက် ပြုလုပ်ပေးမည်

ဧပြီ(၂၆)
MEC TEL အမှတ်တံဆိပ်ပါ CDMA-800MHz Prepaid တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း များကို ယမန်နေ့မှ စတင်ကာ ပြည်သူများ လက်ဝယ်သို့ ရောင်းချ ပေးနေပြီ ဖြစ်သည်။
ကမာရွတ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့် အမှတ်(၁) ရပ်ကွက် တန်ဖိုးနည်းဖုန်း ချထားပေးရေး ကော်မတီက အောင်ချမ်းသာ ဓမ္မာရုံ၌ နံနက် ၁၀ နာရီမှ စတင်ကာ မဲစနစ်ဖြင့် ဖြန့်ဝေ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
ဧပြီလ အတွက် ကမာရွတ် မြို့နယ်သို့ SIM Card အရေအတွက် ၁၃၀၀ ချထား ပေးခဲ့ရာ အမှတ်(၁) ရပ်ကွက်မှ ၁၈၃ ကတ် ခွဲဝေ ရရှိခဲ့ပြီး လျှောက်ထားသူ ၅၆၀ ဦးရှိကြောင်း သိရသည်။
တန်ဖိုးနည်းဖုန်း ရောင်းချ ပေးနေမှု များကို ခြောက်လခန့် ဆက်တိုက်ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း တန်ဖိုးနည်း ဖုန်းချထားရေး ကော်မတီဝင် တစ်ဦးက ပြောကြားခဲ့သည်။

မြ၀တီ

http://bit.ly/17ZIP2E

No comments:

Post a Comment