Pages

Monday, April 22, 2013

အမဲသားတွင်း ဓာတုဆေးများပါဝင်သည်ဟု သတင်းများကြောင့် စိုးရိမ်လျက်ရှိ

ဧပြီ(၂၂)
ရှမ်းပြည်နယ်ကျောက်မဲမြို့ သားငါးဈေးကွက်တွင်းရှိ အမဲသားများတွင် ကျန်းမာရေးထိခိုက်စေနိုင် သော ဓာတုဆေးများပါဝင်သည့် သတင်းများကြောင့် ဒေသခံများအနေဖြင့် စိုရိမ်မှုများဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသည်။

ထိုကဲ့သို့ ကောလဟလများထွက်ပေါ်နေသော်လည်း သားငါးဈေးကွက်တွင်း ဈေးနှုန်းနှင့် အရောင်းအ ၀ယ်ကျဆင်းမှုမရှိကြောင်း သားငါးရောင်းချနေသူများက ပြောဆိုသည်။

အဆိုပါဒေသရှိ သားငါးဈေးကွက်တွင် အမဲသား (ရှယ်) တစ်ပိသာလျှင် ၇၀၀၀ (ခုနှစ်ထောင်)ကျပ်နှင့် (ရိုးရိုး)တစ်ပိသာလျှင် ၆၀၀၀ (ခြောက်ထောင်)ကျပ်ဈေးကွက်ရှိကြောင်း သိရှိရသည်။

"ရောင်းအားကအရင်လိုပါပဲ။ ဒိုင်ကယူရတဲ့ဈေးကနည်းနည်းတက်တော့ လက်ကားဈေးကွက်မှာတော့ နည်းနည်းတော့တက်ပါတယ်။ ဘာမှတော့ဖြစ်တာမကြာပါဘူး။ စားတဲ့သူတွေလဲ ၀ယ်ယူစားသုံးနေကြ ပါတယ်"ဟု ကျောက်မဲမြို့၊ ဒေသခံ အမဲသားအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါဒေသတွင်းရှိ အမဲသားများတွင် ကျန်းမာရေးထိခိုက်နိုင်သော ဓာတုဆေးများပါဝင်သည့် သတင်းများမှာ မတ်လပိုင်းတွင် ဒေသအချို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများနောက်ပိုင်း ယခုကဲ့သို့ သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

"ကောလဟလဆိုတာကတော့ ဒီလိုပဲပြောနေကြမှာပဲ၊ အစားအစာဆိုတာကတော့ အမြဲတမ်းသေချာ စီစစ်ပြီးစားသောက်ရင် အန္တရာယ်ကင်းနိုင်ပါတယ်"ဟု ကျောက်မဲမြို့ရှိ အထွေထွေရောဂါကုဆရာဝန် တစ်ဦးက ပြောဆိုသည်။

အဆိုပါကောလဟလများထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိ ကျန်းမာရေးထိခိုက်ဖြစ်ပွားမှု မရှိသေးကြောင်း ဆေးကုသဌာနက သိရှိရသည်။

"အမဲသားထဲမှာ မစားသင့်တဲ့ ဆေးဝါးတွေထည့်ပြီးရောင်းတယ်လို့ သတင်းတွေထွက်နေတော့ စားသုံး သူတွေစိုးရိမ်နေတယ်။ ကျွန်မတို့လည်း စိုးရိမ်တာပဲ။ အခုလောလောဆယ်တော့ ၀ယ်မစားဖြစ်တော့ ဘူး"ဟု ကျောက်မဲမြို့မှ ဒေသခံ အိမ်ရှင်မတစ်ဦးက ပြောသည်။

Myit Makha Mediagroup
အမဲသားတွင်း ဓာတုဆေးများပါဝင်သည်ဟု သတင်းများကြောင့် စိုးရိမ်လျက်ရှိ

အေပြီ ၂၂ရက် ၂၀၁၃

No comments:

Post a Comment